/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာကြေစေဖို့-ဒါတွေ-ထည့်သောက်စို့-…

အစာကြေစေဖို့ ဒါတွေ ထည့်သောက်စို့ …

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●        သံပရာသီး၊ သံပရိုသီး

          ဒီအသီးတွေမှာ ဗီတာမင်စီတွေ ပြည့်ပြည့်ဝဝပါလို့ အစာချေအင်ဇိုင်းတွေကို ထွက်စေနိုင်တယ်။ ရေထဲမှာ ညှစ်သောက်တာပဲဖြစ်ဖြစ်၊ အဝိုင်းလေးတွေ လှီးထည့်သောက်တာပဲဖြစ်ဖြစ် ကြိုက်သလို လုပ်သောက်ကြည့်နော်။

 

●        ပန်းသီးရှာလကာရည်

          ရေထဲ ပန်းသီးရှာလကာရည် ၂ ဇွန်း၊ ၃ ဇွန်းလောက် ထည့်သောက်တာက ခန္ဓာကိုယ်ကနေ အဆိပ်အတောက်တွေကို ပြေပျောက်စေပြီ အစာချေစနစ်ကိုရော၊ ဇီဝကမ္မဖြစ်စဉ်တွေကိုပါ ကောင်းစေနိုင်တယ်။ ဒါတင်မကသေးဘူးနော်။ ခန္ဓာကိုယ်ရဲ့ pHကိုပါ ထိန်းညှိပေးတယ်။

 

●        လတ်လတ်ဆတ်ဆတ်ပူစီနံ

          သည်းခြေရည် စီးနှုန်းကောင်းစေပြီး တံတွင်းဂလင်းတွေကိုလည်း ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ကူညီထောက်ပံ့ပေးတယ်။ ပြီးတော့ အစာထဲမှာပါတဲ့ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေကို ချေဖျက်ပေးနိုင်တဲ့ အင်ဇိုင်းတွေလည်း ထွက်စေနိုင်လို့ အစာမကြေ ရင်ပြည့်ရင်ကယ်တာတွေအတွက် ကောင်းပါတယ်။

 

●        သခွားသီး

          သခွားသီးမှာ အမျှင်နဲ့ ရေဓာတ်တွေ အများကြီး ပါတယ်နော်။ ဒီဓာတ်တွေက အစာချေစနစ် ကောင်းစေပြီး ဝမး်မှန်စေနိုင်တယ်။ ရေတစ်ဖန်ခွက်ထဲ သခွားသီးတစ်ဝက် ပါးပါးလှီးပြီး ထည့်သောက်ပေးရုံပဲနော်။

 

●        သစ်ကြမ်းပိုးခေါက်

          ရေထဲ သစ်ကြမ်းပိုးခေါက် တစ်ချောင်း ထည့်ထားပြီး သောက်ပေးပါ။ ဘက်တီးရီးယားတွေကို သေစေပြီး ပိုးဝင်တာကို သက်သာစေနိုင်လို့ အူရောင်တဲ့ရောဂါတွေအတွက် ကောင်းတယ်နော်။

 

●        ချင်းတက်

          ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်ပြည့်ရင်ကယ်နဲ့ အစာမကြေတာတွေကို သက်သာစေတယ်။ ချင်းတက် လတ်လတ်ဆတ်ဆတ်ကို ပါးပါးလှီးပြီး ရေထဲ တစ်ည စိမ်ထားလိုက်ပြီး သောက်ပါ။ ဒါမှ ချင်းထဲက အာဟာရဓာတ်တွေကို ရေက စုပ်ယူနိုင်မှာပေါ့။

Dr. Mya Phoo Ngon (www.drmyanmar.com)