အအေးမိတာကိုပိုဆိုးအောင် လုပ်မိနေသလား
အအေးမိတဲ့အခါ ကိုယ့်အနေနဲ့ ဘယ်လိုမှန်မှန်ကန်ကန်နေထိုင်အနားယူသင့်တယ်ဆိုတာလေး တင်ပြပါရစေ။
ဗိုင်းရပ်စ်ပေါင်းများစွာက အအေးမိခြင်းနဲ့ ဆက်စပ်နေပါတယ်။ မနက်မိုးလင်းတဲ့အခါ ညောင်းညာတာလည်ချောင်းနာတာကိုက်ခဲတာ နာကျင်တာတွေရှိနေရင် သေချာပေါက်အအေးပတ်ပါပြီ။
• ညောင်းတာလောက်ကိုတော့ အရေးမထားဘဲ ဘာမှ မဖြစ်သလိုနေလိုက်တာဟာ အမှားဆုံးပါ။ အိမ်မှာ သက်သောင့်သက်သာနားပါ။ နေမကောင်းလို့ အိပ်ရာထဲလှဲနေရုံလောက်နဲ့ ဘ၀မှာ ဘာမှ ဖြစ်မသွားပါဘူး။
• အိပ်ရာထဲမှာ ခွေနေပြီး ဘာမှမစားဖြစ်တာလည်း မှားပါတယ်။ ဆန်ပြုတ်ပူပူ ကြက်စွပ်ပြုတ် ပေါင်မုန့် သို့မဟုတ် ခေါက်ဆွဲပြုတ်ချိုသောက်ပါ။ အစာကြေလွယ်ပြီး ပူနွေးလတ်ဆတ်ပါစေ။
• အရည်သောက်တဲ့အခါ ရေသန့်များများသောက်ပါ။ အသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်တွေ သောက်နိုင်ပါတယ်။ အသီးစားရင် ပိုမဆိုးပါဘူးနော်။ ဗိုက်တာမင် C ရလို့ ပိုတောင်အကျိုးရှိပါသေးတယ်။
• အလွယ်တကူ ရနိုင်တဲ့ ပဋိဇီ၀ဆေးတွေမသောက်ပါနဲ့။ လိုအပ်လို့ ဆရာ၀န်ညွှန်ကြားမှသောက်ပါ။
• နွေးနွေးထွေးထွေးနေပါ။ ဖုန်းမကလိပါနဲ့။ ကွန်ပျူတာမဆော့ပါနဲ့။ ဖုန်းနဲ့ ကွန်ပျူတာကီးဘုတ်တွေမှာ ဘက်တီးရီးယားတွေ မြောက်မြားစွာကပ်တွယ်နေတတ်တာကိုသတိပြုပါ။
• စိတ်တိုဒေါသမထွက်ပါနဲ့။ အရာအားလုံးကို စိတ်လျှော့ထားပါ။ အိမ်မှုလုပ်ငန်းတွေ လိုက်မစီမံပါနဲ့။ အလုပ်ကိုလည်း လှမ်းမပူပါနဲ့။ စိတ်ဖိစီးလေ အအေးမိတာပိုဆိုးလေဆိုတာ သတိချပ်စေလိုပါတယ်။
• လူစုလူေ၀းရှိတဲ့နေရာတွေ မသွားပါနဲ့။ နှာချေ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကိုဖုံးအုပ်ထားပါ။ ဖြစ်နိုင်ရင်အပြင်မထွက်ပါနဲ့။
နေအိမ်ပြတင်းပေါက်တွေကိုဖွင့်လှစ်ပြီး လေ၀င်လေထွက်ကောင်းကောင်း လင်းလင်းခြင်းခြင်းအနားယူပါ။ မှောင်မည်းတဲ့ အခန်းထဲမှာအခန်းတံခါးပိတ် ခန်းဆီးချပြီးနေရင် လေကောင်းလေသန့် ရသင့်သလောက်မရဘဲ အအေးမိတာ ရေရှည်နေတတ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
















