/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ကိုယ်ဝန်-ရှိ၊-မရှိ-ဘယ်အချိန်မှာ-စစ်ကြည့်သင့်သလဲ

ကိုယ်ဝန် ရှိ၊ မရှိ ဘယ်အချိန်မှာ စစ်ကြည့်သင့်သလဲ?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ကလေးယူဖို့ ကြိုးစားနေသူတွေဟာ ကိုယ်ဝန် ဆီးစစ်ဖို့ အလွန်တက်ကြွလေ့ ရှိပါတယ်။ ဒါပေမဲ့ အချိန်မတိုင်မီ စောစောစစ်ခြင်းဖြင့် ငွေကုန်ရုံကလွဲလို့ ဘာအကျိုးမှ မထူးပါဘူး။

          ဓမ္မတာ လာရမယ့်ရက်မှာ မလာခဲ့ရင် ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်နိုင်ပြီး အလွန်တိကျမှန်ကန်တဲ့ ဆီးစစ်ကိရိယာနဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။ ရာသီမလာခင် တစ်ရက်၊ နှစ်ရက်ခန့် ကြိုစစ်နိုင်ပေမယ့် ဒီ့ထက်စောရင်တော့ ကိုယ်ဝန် တကယ်ရှိနေရင်တောင် အဖြေထွက်မှာ မဟုတ်ပါဘူး။ လာရမယ့်ရက်မှာ စစ်ကြည့်လိုက်လို့ တစ်ကြောင်းပဲပေါ်နေရင် 48 နာရီခန့်အကြာမှာ ထပ်စစ်နိုင်ပါတယ်။ တစ်ပတ်လောက် နောက်ကျပြီး စစ်တာက ပိုတိကျပါတယ်။

          အကောင်းဆုံး၊ အမှန်ဆုံး အဖြေကို ရဖို့အတွက် မနက်စောစော သွားတဲ့ဆီးနဲ့ စစ်ကြည့်ပါ။ မနက်စောစောမှာ hCG ဓာတ် ပိုထွက်တာကြောင့် ပိုတိကျပါတယ်။

Dr. Emerald (www.drmyanmar.com)