/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ငယ်ရွယ်စဉ်မှာ-နေထိုင်တဲ့ပုံစံက-သွေးဆုံးတဲ့-အသက်အရွယ်ပေါ်မှာ

ငယ်ရွယ်စဉ်မှာ နေထိုင်တဲ့ပုံစံက သွေးဆုံးတဲ့ အသက်အရွယ်ပေါ်မှာ သွားပြီးသက်ရောက်မှု ရှိနိုင်ပါတယ်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        အမျိုးသမီးတစ်ယောက်ရဲ့ ငယ်ရွယ်စဉ်အခါကတည်းက နေထိုင်မှုပုံစံက သွေးဆုံးတဲ့အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

          သွေးဆုံးတဲ့အသက်အပေါ်မှာ အကြီးမားဆုံး သက်ရောက်မှုရှိစေနိုင်တဲ့အချက်ကတော့ ဆေးလိပ်သောက်တာပါ။ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေက ဆေးလိပ်မသောက်တဲ့သူထက်စာရင် ၂ နှစ်လောက်စောပြီးတော့ သွေးဆုံးတတ်ပါတယ်။

          ကိုယ်အလေးချိန်ကတော့ သွေးဆုံးတဲ့အသက်အရွယ်နဲ့ ပြောင်းပြန်သက်ရောက်မှုရှိပါတယ်။ အဝလွန်တဲ့အမျိုးသမီးတွေက သာမန်ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးတွေထက် တစ်နှစ်လောက် နောက်ကျပြီးမှ သွေးဆုံးတတ်ပါတယ်။

 

>>    သွေးဆုံးတယ်ဆိုတာ ဘာလဲ?

          သွေးဆုံးတယ်ဆိုတာကတော့ သားဥအိမ်ကနေပြီးတော့ မမျိုးဥထုတ်ပေးတဲ့ ဟော်မုန်းပမာဏ လျော့့ကျသွားတာ ဖြစ်ပါတယ်။ လေ့လာမှုအရ အမေရိကနဲ့ ဥရောပကအမျိုးသမီးတွေမှာ ၄၈-၅၂ နှစ်အတွင်းမှာ သွေးဆုံးကြတာကို တွေ့ရပါတယ်။

          ဆေးလိပ်သောက်ခြင်း၊ ကလေးမရှိခြင်းတွေက သွေးစောစောဆုံးတာနဲ့ ဆက်စပ်နေပါတယ်။

          အသက် ၄၀ နဲ့ ၉၈ နှစ်ကြားအရွယ်ရှိ အမျိုးသမီးတွေကိုေ လ့လာမှုလုပ်ခဲ့ပါတယ်။ ဒီထဲက 21500 လောက်က သွေးဆုံးပြီးတဲ့အမျိုးသမီးတွေပါ။

          လေ့လာမှုမှာဆိုရင် ပါဝင်တဲ့သူတွေကို ကိုယ်အလေးချိန်၊ လေ့ကျင့်ခန်းလုပ်တဲ့အလေ့အကျင့်၊ အစားအသော်ကပုံစံ၊ သွေးဆုံးပြီလား၊ ဆိုတာနဲ့ ဘယ်အချိန်မှာသွေးဆုံးခဲ့လဲဆိုတဲ့ မေးခွန်းတွေကို မေးမြန်းခဲ့ပါတယ်။

 

>>    ကိုယ်အလေးချိန်တက်လာခြင်းနှင့် အရက်သောက်ခြင်း

          လေ့လာမှုမှာပါတဲ့ အမျိုးသမီးတွေထဲကမှ အသက် ၂၀ နဲ့ ၃၀ မှာ ကိုယ်အလေးချိန် ပေါင် ၃၀ လောက် တက်လာသူတွေက ကိုယ်အလေးချိန် မတက်လာသူတွေထက် တစ်နှစ်နောက်ကျပြီးတော့ သွေးဆုံးတာကို တွေ့ရပါတယ်။

          အသက် ၂၅ နဲ့ ၄၉ နှစ်အတွင်းမှာ အရက် ၂ ခွက်ထက်ပိုသောက်ရင်၊ အသက် ၃၀ နဲ့ ၄၉ နှစ်ကြားမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်း ပုံမှန်လုပ်ရင်၊ အသီးအရွက်စားသမားတွေ စတာတွေက သွေးဆုံးတဲ့အရွယ်ကို တစ်နှစ်လောက် နောက်ကျစေတာကို တွေ့ရပါတယ်။

          ကလေးသုံးယောက်ထက် ပိုမွေးထားရင်လည်း သွေးဆုံးချိန် နောက်ကျတာကို တွေ့ရပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)