ဓမ္မတာလာချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေအစားအသောက်တွေကို ရွေးချယ်ပါ
ဆီးစပ်ကိုက်တာ၊ စိတ်အပြောင်းအလဲမြန်တာ၊ ပင်ပန်းနွမ်းနယ်တာတွေအပြင် ဓမ္မတာလာချိန်မှာ နောက်ထပ်ကြုံရတဲ့ ဒုက္ခတစ်ခုက အစားအသောက်တွေကို အလွန်အမင်း စားချင်တာပါပဲ။ အထူးသဖြင့်တော့ ရေခဲမုန့်၊ ဒိုးနတ်၊ ကိတ်မုန့်တို့လို ချိုလွန်းတဲ့အစားအသောက်တွေ၊ ဆီကြော်စာတွေနဲ့ အအီအဆိမ့်တွေကို စားချင်လေ့ရှိကြပါတယ်။ ဒီအစားအသောက်တွေဟာ ကျန်းမာရေးနဲ့မညီညွတ်တာကြောင့် ဒီလိုစားချင်စိတ်ကို တွန်းလှန်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေသရေစာတွေကိုပဲ ရွေးချယ်စားသောက်သင့်ပါတယ်။
Dolfenal 2025 IA 1

အမျိုးသမီးလေးတွေ ဓမ္မတာလာချိန်မှာ အချိုစားချင်စိတ်ဖြစ်လာပြီဆိုရင် ဘယ်ရီသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ထောပတ်သီးတို့ကို စားပေးပါ။ ဒါမှမဟုတ် ဒီအသီးတွေနဲ့ စမူတီဖျော်သောက်ပေးပါ။ နောက်ထပ်စားပေးသင့်တာတွေကတော့ သစ်ကြားသီး၊ ဖရုံစေ့၊ နှမ်းကြတ်စေ့၊ ဒိန်ချဉ်၊ ကြက်ဥပြုတ်၊ ချောကလက်အညို၊ ကွေကာအုတ် စတာတွေပဲဖြစ်ပါတယ်။
Dolfenal 2025 IA 2

ဓမ္မတာလာချိန်မှာ အဆာပြေသရေစာ စားတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တာကို ရွေးချယ်သင့်တဲ့အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝဝအိပ်စက်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှသာ ကျန်းမာပျော်ရွှင်တဲ့ ဓမ္မတာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
















