/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရာသီသွေးက-ပြောပြနေတဲ့-ကျန်းမာရေးအခြေအနေ

ရာသီသွေးက ပြောပြနေတဲ့ ကျန်းမာရေးအခြေအနေ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတို့အတွက် ရာသီလာစဉ် တွေ့မြင်ရသောသွေးဟာ လက်ကိုဓားရှရာကနေ ထွက်လာသောသွေးနှင့် မတူညီပဲကွဲပြားပါတယ်။
ရာသီသွေးမှာ သွေးအပြင် သားအိမ်နံရံရှိ အသားစလေးတွေပါ ရောစပ်ပါဝင်နေပြီး ရာသီသွေးအရောင်ဟာ အကြောင်းအမျိုးမျိုးကြောင့် တစ်လနှင့်တစ်လ တူညီခြင်းမရှိသလို ရာသီစက်ဝန်းတစ်ခုတည်းမှာတောင်မှာ တစ်ရက်နှင့်တစ်ရက် အရောင်မတူညီနိုင်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ ရာသီသွေးအရောင်အမျိုးမျိုးနှင့်တကွ နောက်ခံအကြောင်းရင်းတွေကိုပါ စုစည်းတင်ပြပေးလိုက်ပါတယ်နော်။

●  အနီရဲရဲ
ဒီသွေးအရောင်ဟာ သားအိမ်ဝကနေ မိန်းမကိုယ်ဆီသို့ နောက်ဆုံးစွန့်ထုတ်လိုက်တဲ့ လတ်ဆတ်သောသွေးတွေ ဖြစ်ပါတယ်။ ဒီလိုအနီတောက်တောက်သွေးတွေကို ရာသီစက်ဝန်းအစမှာ တွေ့ရတတ်ပါတယ်။ ရာသီကြောင့် နာကျင်ကိုက်ခဲမှုတွေ ဖြစ်ပေါ်တဲ့အခါမှာလည်း အနီရောင်တောက်တောက်သွေးတွေ အများကြီး စီးဆင်းတတ်ပါတယ်။

●  နီညိုရောင်
နီညိုနှင့်အညိုရင့်ရောင်သွေးတွေဟာ အတန်ငယ် ဟောင်းနွမ်းနေသောသွေးများဖြစ်ပြီး ရာသီစက်ဝန်း အဆုံးလောက်မှာ တွေ့ရတတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် သားအိမ်ရဲ့အတွင်းဘက်နေရာတွေကနေ ပိုမိုသက်တမ်းရင့်သော သွေးတွေထွက်လာရခြင်းကြောင့် ဖြစ်ပါတယ်။

Dolfenal 1

●  ပန်းရောင်
အချို့သောအမျိုးသမီးများအနေနှင့် တစ်ခါတစ်ရံမှာ ပန်းရောင်ရာသီသွေးများဆင်းခြင်းကို ကြုံတွေ့ဖူးမှာပါ။ ဒါဟာ သွေးနည်းနည်းသာ ဆင်းချိန်ဖြစ်တဲ့ ရာသီအစနှင့် အဆုံးပိုင်းရက်တွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။

●  ရာသီသွေးပျစ်ပျစ်
သွေးနှင့်ရောနှောနေသော သားအိမ်နံရံတစ်သျှူးပမာဏပေါ် မူတည်ပြီး ရာသီသွေး အကျဲအပျစ် ကွဲပြားပါတယ်။ ရာသီလာစဉ်မှာ သွေးခဲတွေဆင်းခြင်းဟာ သားအိမ်တွင် အသားလုံးများရှိနေခြင်းကို ပြသနေပါတယ်။

●  ရာသီသွေးအဆင်းများခြင်း
အမျိုးသမီးတစ်ဦးချင်းစီအပေါ် မူတည်ပြီး ပုံမှန်သွေးဆင်းတာ နည်းသူရှိသလို သွေးဆင်းတာ များလေ့ရှိသူများလည်း ရှိနေပါတယ်။ သို့သော် ရာသီသွေး များများဆင်းသောကြောင့် အောက်ခံဂွမ်းထုပ်များ ရွဲနစ်နေခြင်း၊ တစ်နာရီတစ်ခါ ဂွမ်းထုပ်လဲလှယ်ဝတ်ဆင်ရခြင်းတို့ ဖြစ်ပေါ်နေရင်တော့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Dolfenal 2

>>  ဒါ့အပြင် အောက်ပါအချက်တွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။
●  ကိုယ်ဝန်ဆောင်နေခြင်းမဟုတ်ဘဲ သုံးလကျော်လောက် သွေးမပေါ်ခြင်း
●  ပုံမှန်ရာသီလာရာကနေ ပုံမမှန်ဖြစ်လာခြင်း
●  ရာသီတစ်ခါလာပါက ၇ ရက်ခန့်ကြာမြင့်ခြင်း၊ ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုအကြား သွေးဆင်းခြင်း
●  ရာသီသွေးဆင်းတာ များလွန်းသောကြောင့် တစ်နာရီတစ်ခါလောက် ဂွမ်းထုပ်လဲရခြင်း
●  ရာသီလာစဉ် ပြင်းထန်စွာနာကျင်ခြင်း စတဲ့ အချက်တွေရှိနေပါက ဆရာဝန်နှင့်အမြန်ဆုံး ပြသတိုင်ပင်ကြဖို့လည်း အကြံပြုလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)