/
news/အရေးပေါ်ကုသနည်းများ/အစာအဆိပ်သင့်ခြင်းအတွက်-ရှေးဦးကုသမှု

အစာအဆိပ်သင့်ခြင်းအတွက် ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

        ပင်လယ်စာ (သို့) မှိုစားမိလို့အစာအဆိပ်သင့်ခြင်း၊ ရေဓာတ်ကုန်ခန်းနေခြင်းသည် အရေးပေါ်အခြေ အနေဖြစ်တာကြောင့် ဆရာ၀န်နှင့်အမြန်ပြသသင့်ပါတယ်။

၁။      အန်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ကိုသက်သာအောင်ပြုလုပ်ပါ။

        အစာမာမာတွေမစားပါနဲ့၊ အစာကြေလွယ်တဲ့အစားအစာတွေဖြစ်တဲ့ ခရတ်ကာ၊ ငှက်ပျောသီး၊ ထမင်း၊ ပေါင်မုန့်စတာတွေကိုစားသုံးပေးပါ။ ဆိုဒါရည်ကိုနည်းနည်းစီသောက်ပေးခြင်းကတည်း ပျို့အန်ခြင်းကို သက်သာစေပါတယ်။ အကြော်အလှော်တွေ၊ ဆီများတဲ့အစားအစာတွေ၊ အပူအစပ်တွေနဲ့ အချိုဓာတ်များစွာ ပါ၀င်တဲ့ အစားအစာတွေက ပျို့အန်ခြင်းကိုပိုဆိုးစေပါတယ်။

          Anti-nausea (ပျို့အန်ခြင်းကိုသက်သာစေသောသောက်ဆေး)၊ anti-diarrhea (၀မ်းပိတ်ဆေး) တွေကို ဆရာ၀န်မညွှန်ကြားဘဲမသောက်သင့်ပါဘူး။

၂။      ရေဓာတ်ကုန်ခမ်းခြင်းကို ပြန်လည်ဖြည့်တင်းပါ။

        တနေ့ကိုရေ 3 လီတာထက်မနည်းသောက်ပါ။ ပျို့အန်ခြင်းကြောင့် ကုန်ဆုံးသွားတဲ့ဓာတ်ဆား များကို ပြန်လည်ဖြည့်တင်းဖို့အတွက် ဓာတ်ဆားရည် (ORS) သောက်ရပါမယ်။

၃။      ဆေးရုံဆေးခန်းသို့သွားပါ။

        ၀မ်းပျက်တာ ၃ ရက်ထက်ပိုကြာခြင်း၊ ပင်လယ်စာ (သို့) မှိုစားခြင်းကြောင့် ၀မ်းပျက်ခြင်း၊ ဖျားခြင်း၊ ၀မ်းမည်းမည်းသွားခြင်း၊ ၀မ်းသွားလျှင် သွေးပါခြင်း၊ မအန်ဘဲပျို့နေခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာတွေဖြစ်တဲ့ နှုတ်ခမ်းခြောက်ခြင်း၊ ဆီးနည်းခြင်း၊ မူးေ၀ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှလုံးခုန်မြန်ခြင်း စတဲ့ ေ၀ဒနာတွေ ခံစားနေရပြီဆိုရင် ဆရာ၀န်ပြရပါတော့မယ်။

www.drmyanmar.com

အရေးပေါ်ကုသနည်းများ