အစာအဆိပ်သင့်ခြင်းအတွက် ရှေးဦးကုသမှု
ပင်လယ်စာ (သို့) မှိုစားမိလို့အစာအဆိပ်သင့်ခြင်း၊ ရေဓာတ်ကုန်ခန်းနေခြင်းသည် အရေးပေါ်အခြေ အနေဖြစ်တာကြောင့် ဆရာ၀န်နှင့်အမြန်ပြသသင့်ပါတယ်။
၁။ အန်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ကိုသက်သာအောင်ပြုလုပ်ပါ။
အစာမာမာတွေမစားပါနဲ့၊ အစာကြေလွယ်တဲ့အစားအစာတွေဖြစ်တဲ့ ခရတ်ကာ၊ ငှက်ပျောသီး၊ ထမင်း၊ ပေါင်မုန့်စတာတွေကိုစားသုံးပေးပါ။ ဆိုဒါရည်ကိုနည်းနည်းစီသောက်ပေးခြင်းကတည်း ပျို့အန်ခြင်းကို သက်သာစေပါတယ်။ အကြော်အလှော်တွေ၊ ဆီများတဲ့အစားအစာတွေ၊ အပူအစပ်တွေနဲ့ အချိုဓာတ်များစွာ ပါ၀င်တဲ့ အစားအစာတွေက ပျို့အန်ခြင်းကိုပိုဆိုးစေပါတယ်။
Anti-nausea (ပျို့အန်ခြင်းကိုသက်သာစေသောသောက်ဆေး)၊ anti-diarrhea (၀မ်းပိတ်ဆေး) တွေကို ဆရာ၀န်မညွှန်ကြားဘဲမသောက်သင့်ပါဘူး။
၂။ ရေဓာတ်ကုန်ခမ်းခြင်းကို ပြန်လည်ဖြည့်တင်းပါ။
တနေ့ကိုရေ 3 လီတာထက်မနည်းသောက်ပါ။ ပျို့အန်ခြင်းကြောင့် ကုန်ဆုံးသွားတဲ့ဓာတ်ဆား များကို ပြန်လည်ဖြည့်တင်းဖို့အတွက် ဓာတ်ဆားရည် (ORS) သောက်ရပါမယ်။
၃။ ဆေးရုံဆေးခန်းသို့သွားပါ။
၀မ်းပျက်တာ ၃ ရက်ထက်ပိုကြာခြင်း၊ ပင်လယ်စာ (သို့) မှိုစားခြင်းကြောင့် ၀မ်းပျက်ခြင်း၊ ဖျားခြင်း၊ ၀မ်းမည်းမည်းသွားခြင်း၊ ၀မ်းသွားလျှင် သွေးပါခြင်း၊ မအန်ဘဲပျို့နေခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာတွေဖြစ်တဲ့ နှုတ်ခမ်းခြောက်ခြင်း၊ ဆီးနည်းခြင်း၊ မူးေ၀ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှလုံးခုန်မြန်ခြင်း စတဲ့ ေ၀ဒနာတွေ ခံစားနေရပြီဆိုရင် ဆရာ၀န်ပြရပါတော့မယ်။





























