ဝက်ခြံအတွက် ဗီတာမင် C
မျက်နှာ၊ မေးစေ့ နှာခေါင်းတွေမှာ ဝက်ခြံအမြဲပေါက်လို့ စိတ်တွေညစ်နေရပါသလား။ ကိုယ်တစ်ယောက်တည်းမှာပဲ ဖြစ်နေတာမဟုတ်ပါဘူးနော်။ လူတော်တော်များများ ဆယ်ကျော်သက်အရွယ်ကနေစပြီး ၀က်ခြံဆိုတာ စဖြစ်လာတတ်တာပဲ မဟုတ်လား။
ဝက်ခြံတွေထွက်တော့ နာတာအပြင် ကိုယ်ကိုယ်ကိုလည်း ယုံကြည်ချက်မရှိသလိုဖြစ်ပြီး စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။
ဒီတော့ဝက်ခြံပျောက်ဖို့အတွက် ဆေးဆိုင်ကဆေးတွေ ဒါမှမဟုတ် အရေပြားအထူးကုဆရာဝန်တွေညွှန်းတဲ့ဆေးတွေကို သုံးဖူးကြမှာပါ။ ဒီလိုမျိုးနည်းလမ်းတွေရှိသလို ကျန်းမာတဲ့အသားအရေလေးကိုပိုင်ဆိုင်နိုင်ဖို့အတွက် သဘာဝကျပြီးဈေးသက်သာတဲ့ နည်းလမ်းတွေလဲ ရှိပါတယ်။ ဝက်ခြံထွက်တတ်တဲ့အသားရေအသားအရေအတွက် ဗီတာမင် C ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။
Vicee 1

>> ဗီတာမင် C
ကျန်းမာတဲ့အသားအရေမှာ ဗီတာမင် C ပါဝင်မှု မြင့်မားပါတယ်။ အအေးမိတုပ်ကွေးတွေကို တိုက်ခိုက်ပေးနိုင်တဲ့ ဗီတာမင် C ကတော့ အရေပြားရဲ့ ကျုံ့ဆန့်နိုင်စွမ်း၊ collagen synthesis နဲ့ ပတ်ဝန်းကျင်ရဲ့ဖိစီးမှုတွေကို တုန့်ပြန်ရာမှာလည်း အရေးပါတဲ့ ဗီတာမင်ဖြစ်ပါတယ်။ ပြီးတော့ သူ့မှာ ရောင်ရမ်းခြင်းတွေကိုတိုက်ဖျက်နိုင်စွမ်းလည်းရှိတော့ ဝက်ခြံတွေအရမ်းထွက်တာကို ကုသရာမှာ အသုံးပြုကြပါတယ်။
ဝက်ခြံပုံမှန်ထွက်တတ်တဲ့သူတွေ၊ ဝက်ခြံထွက်ပြီး အသားတွေနီပြီး ပွစိစိဖြစ်ကျန်ခဲ့တဲ့သူတွေအတွက် ဗီတာမင် C က အရေပြားကို ပြန်လည်ထိန်းသိမ်းပေးပါတယ်။ ဗီတာမင် C ဆေးဝါးကို သောက်သုံးလို့ရသလို လိမေ္မာ်သီး၊ ကီဝီသီး၊ သံပုရာသီး၊ ဂရိတ်ဖရုသီး၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီအစိမ်း၊ စတော်ဘယ်ရီ၊ ငရုတ်ပွသီးအစိမ်း စတာတွေစားခြင်းအားဖြင့်လည်း ရရှိနိုင်ပါတယ်။
Vicee 2

(Unicode)
















