/
news/အသုံးများဆေးဝါးများ/acneal

Acneal

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Acneal

(1) ဆေးအမည်

          Acneal

 

(2) ပါ၀င်သောဆေးအမျိုးအစား

          Acneal 1ml တွင် Clindamycin 10mg နှင့် metronidazole 8mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

          ၀က်ခြံအပါအ၀င် အခြားသောအရေပြားပိုး၀င်ခြင်းများကိုကုသရန်။

 

(4) အသုံးပြုပုံ

          ဝါဂွမ်းပေါ်တွင် အစက်တစ်စက်မှ နှစ်စက်ချပြီး ၀က်ခြံရှိသောနေရာတွင် တစ်နေ့ ၃ ကြိမ်နှုန်းဖြင့် ၂ ပတ် ဆက်တိုက်လိမ်းပေးရန်။

 

(5) ဘေးထွက်ဆိုးကျိုး

        လိမ်းထားစဉ် ပူစပ်ပူလောင်ခံစားရခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        မျက်လုံးထဲသို့ မထည့်သင့်ပါ။

        ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များအသုံးမပြုရ။ ကလေးများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

        Erythromycin နှင့် တွဲ၍မသုံးရ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        DIHON

       

(9) တင်သွင်းသည့်ကုမ္ပဏီ

          Excellence Medicare & Pharmaceutical

www.drmyanmar.com