/
news/အသုံးများဆေးဝါးများ/citopam

Citopam

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Citopam

(1) ဆေးအမည်

        Citopam

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင် Citalopram 20mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        စိတ်ကျရောဂါ၊ ဟင်းလင်းပြင်ကြောက်ခြင်း၊ စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း။

 

(4) အသုံးပြုပုံ

စိတ်ကျရောဂါ

       တနေ့လျှင် 20mg တကြိမ်မှစ၍ လူနာအခြေအနေပေါ်မူတည်ပြီး တနေ့လျှင် 60mg ထိတိုး၍ သောက်နိုင်သည်။ (သို့) ဆရာ၀န်ညွှန်ကြားချက်အတိုင်းသောက်ရမည်။

        ရောဂါပြန်လည်ဖြစ်ပွားခြင်းကို ကာကွယ်နိုင်ရန်အတွက် အနည်းဆုံးခြောက်လခန့်စွဲ၍ သောက်သုံးသင့်သည်။

စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း

          တစ်နေ့လျှင် 10mg တစ်ကြိမ်နှုန်းဖြင့် တစ်ပတ်သောက်သုံးပြီး လူနာအခြေအနေပေါ်မူတည်၍ တစ်နေ့လျှင် 20mg မှ 60mg အထိတိုး၍ပေးနိုင်သည်။

          သက်ကြီးရွယ်အိုများနှင့် အသည်းမကောင်း သောသူများတွင် 20mg မှစ၍ သောက်နိုင်ပြီး လူနာအခြေအနေပေါ် မူတည်၍ 40mg ထိတိုး၍ သောက်နိုင်သည်။

 

(5) ဘေးထွက်ဆိုးကျိုး

          ချေွးထွက်များခြင်း၊ ခေါင်းကိုက်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ငိုက်ခြင်း၊ ပျို့အန်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ 

        ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသည်းမကောင်းသူများနှင့် ကျောက်ကပ်မကောင်းသူများတွင် သတိပြု ၍ သုံးစွဲရန်။

         အတက်ရောဂါရှိသူများတွင် သတိပြု ၍ သုံးစွဲရန်။

         ဓါတ်မတည့်သူများ၊ monoamine oxidase Inhibitor (MAOIs) သုံးစွဲနေသူများ၊ ကလေးများအသုံးမပြုရ။

 

 (7) အခြားဆေးများနှင့် ဓါတ်ပြုမှု

        စိတ်ရောဂါကုဆေး Lithium (သို့) tryptophan နှင့်တွဲသုံးပါက သတိပြု၍သုံးစွဲရန်။

        စိတ်ရောဂါကုဆေး MAOIs များမှီ၀ဲနေရသူများတွင် MAOI မှီ၀ဲမှုရပ်ဆိုင်းပြီး ၁၄ ရက်အကြာမှသာ Citopam ကိုသုံးစွဲရန်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Sun Pharma

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Sin Byu Gyun

www.drmyanmar.com