/
news/အသုံးများဆေးဝါးများ/zeptol-zeptol-cr

Zeptol/ Zeptol CR

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Zeptol / Zeptol CR

(1) ဆေးအမည်

        Zeptol/ Zeptol CR

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင် Carbamazepine 200mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        အတက်ရောဂါ၊ အာရုံကြောများနာကျင်ခြင်း၊ စိတ်ကြွစိတ်ကျရောဂါ။

 

(4) အသုံးပြုပုံ

အတက်ရောဂါနှင့် အာရုံကြောများနာကျင်ကိုက်ခဲခြင်

          လူကြီး 200mg တနေ့တကြိမ်မှ နှစ်ကြိမ်။ လူနာအခြေအနေပေါ် မူတည်ပြီး ဆေးပမာဏတိုး၍ သောက်နိုင်သည်။ တနေ့လျင် 1800mg ထက်မပိုရ။

        ကလေး 10 နှစ်မှ 15 နှစ် - တနေ့လျှင် 600mg မှ 1000mg

        5 နှစ်မှ 10 နှစ် - တနေ့လျှင် 400mg မှ 600mg

        1 နှစ်မှ 5 နှစ် - တနေ့လျှင် 200mg မှ 400mg

        တစ်နှစ်အောက်ကလေး  -  100mg  မှ 200mg

စိတ်ကြွ စိတ်ကျရောဂါ

        တနေ့လျှင် 400mg ပုံမှန်သောက်ရန်။ တနေ့လျှင် 1.6g ထက်မပိုရ။ ( သို့ ) ဆရာ၀န် ညွှန်ကြားချက်တိုင်းသောက်သုံးရန်။

 

 (5) ဘေးထွက်ဆိုးကျိုး

        ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ သွေးအားနည်းခြင်း၊ အရေပြားအရောင်ပြောင်းခြင်း၊ ထိပ်ပြောင်ခြင်း၊ အရေပြားတွင်အနီကွက်များထွက်ခြင်း စသောအရေပြားဆိုင်ရာရောဂါများဖြစ်ခြင်း၊ ဖောရောင်ခြင်း၊ သွေးတိုးခြင်း၊ နှလုံး ထိခိုက်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နားအူခြင်း၊ နှစ်ထပ်မြင်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ဆီးခဏခဏသွားခြင်း၊ ကြွက်တက်ခြင်း၊ သွေးထဲတွင် ဆိုဒီယမ်ပမာဏကျခြင်း၊  အသက်ရှုလမ်းကြောင်း ပိုး၀င်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ဓါတ်မတည့်သူများ၊ စိတ်ရောဂါကုသဆေး Mono Amine Oxidase Inhibitors သောက်သုံးနေ သူများ၊ ရိုးတွင်းခြင်ဆီ မကောင်းသူများ ၊ ကိုယ်၀န်ဆောင်နှင့်နို့တိုက်မိခင်များတွင် အသုံးမပြုရ။

          နှလုံးရောဂါရှိသူများ၊ အသည်းနှင့်ကျောက်ကပ်မကောင်းသောသူများတွင် ဆရာ၀န်ညွှန်ကြားချက် အတိုင်းသုံးစွဲရန်။ ကားမောင်းသောသူများ၊ စက်ကိုင်တွယ်မောင်းနှင်သူများတွင် ချိန်ဆ၍ အသုံးပြုရန်။

 

 (7) အခြားဆေးများနှင့်ဓါတ်ပြုမှု

          အတက်ရောဂါကုသဆေး Phenobarbital, phenytoin စသောဆေးဝါးများနှင့် တွဲသုံးပါက သွေးတွင်းရှိ Carbamazepine ပမာဏကို လျော့ကျစေပြီး အစာအိမ်ရောဂါကုသဆေး cimetidine, ပဋိဇီ၀ပိုးသတ်ဆေး erythromycin စသော ဆေးဝါးများနှင့်တွဲသုံးပါက သွေးတွင်းရှိ Carbamazepine ပမာဏကိုမြင့်တက်စေပါသည်။ စိတ်ရောဂါကုသဆေး Lithium နှင့် တွဲသုံးပါက ဦးနှောက်နှင့်အာရုံကြောကိုပိုမိုထိခိုက်စေပါသည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Sun Pharma

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Sin Byu Gyun

www.drmyanmar.com