Graniset
(1) ဆေးအမည်
Graniset
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတပြားတွင် Granisetron 1mg နှင့် ဆေးရည် 1ml တွင် Granisetron 1mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ကင်ဆာကုထုံးများကြောင့်ပျို့အန်ခြင်းနှင့် ခွဲစိတ်ပြီးခါစပျို့အန်ခြင်းကို ကာကွယ်ကုသရန်။
(4) အသုံးပြုပုံ
ဆေးပြား - လူကြီး 1mg တနေ့ 2 ကြိမ် ကင်ဆာကုထုံးမခံယူခင် တစ်နာရီအလိုတွင် သောက်ရမည်။
အသက် 2 နှစ် မှ 16 နှစ်အရွယ်ကလေးများတွင် ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဆေး 10mcg နှင့်တွက်ပြီး ရရှိလာသောဆေးပမာဏကို ပေးရမည်။
(5) ဘေးထွက်ဆိုးကျိုး
ဓါတ်မတည့်ခြင်း၊ အိပ်ငိုက်ခြင်း၊ ၀မ်းလျှောခြင်း၊ ၀မ်းချုပ်ခြင်း၊ သွေးတိုးခြင်း၊ သွေ့းပေါင်ကျခြင်း၊ ရင်တုန်ခြင်း၊ စိတ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ဓါတ်မတည့်သူများ၊ အူလမ်းကြောင်းပိတ်ဆို့နေသူများ၊ 2 နှစ်အောက်ကလေးများအသုံးမပြုရ။ ကားမောင်းသောသူများတွင် ချိန်ဆ၍ အသုံးပြုရန်။ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် ဆရာ၀န် ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Sun Pharma
(8) တင်သွင်းသည့်ကုမ္ပဏီ
Sin Byu Gyun