Brainact
(1) ဆေးအမည်
Brainact
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် Citicoline 500 mg နှင့် ဆေးရည် 2ml ပုလင်းတွင် Citicoline 250 mg နှင့် 8 ml ပုလင်းတွင် Citicoline 1000 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ဆေးပြား - အသက်ကြီးလာသည့်အခါအသိဉာဏ်ချို့ယွင်းခြင်းကိုသက်သာစေရန်သုံးသည်။
ထိုးဆေးရည်- ဦးခေါင်းဒဏ်ရာရခြင်း (သို့) ဦးခေါင်းခွဲစိတ်ခြင်း၊ ကိုယ်တခြမ်းသေခြင်း၊ ကိုယ်အောက်ပိုင်း လေဖြတ်ခြင်း၊ဦးနှောက်တစ်ရှုးများပုပ်ခြင်း။
(4) အသုံးပြုပုံ
ထိုးဆေးရည်
ဦးခေါင်းဒဏ်ရာရခြင်း (သို့) ဦးခေါင်းခွဲစိတ်ခြင်းတွင်သတိလစ်နေခြင်း - 100 mg မှ 500 mg တစ်နေ့တစ်ကြိမ်မှ 2 ကြိမ်။
ဦးနှောက်သွေးကြာပြတ်၍ ကိုယ်တစ်ခြမ်းသေခြင်း - တစ်နေ့လျှင် 1000 mg နှုန်းဖြင့် 4 ပတ် ဆက်တိုက် အကြောထဲထိုးသွင်းရမည်။ တိုးတက်မှုရှိပါကနောက် 4 ကြိမ်ထပ်၍သွင်းရမည်။
ဦးနှောက်တစ်ရှုးများပုပ်၍သတိလစ်နေခြင်း - တစ်နေ့လျှင် 1000 mg နှုန်းဖြင့် 2 ပတ် ဆက်တိုက် အကြောထဲထိုးသွင်းရမည်။
ဦးနှောက်တွင်းသွေးယိုစီးမှုဆက်လက်ဖြစ်ပွားနေပါကCiticolineပမာဏ 100 mg မှ 200 mg တစ်နေ့လျှင် 2 ကြိမ်မှ 3 ကြိမ်သာပေးရန်။
ဆေးပြား - တစ်နေ့လျှင် 1000 mg အစာဖြင့်သောက်ရမည်။
(5) ဘေးထွက်ဆိုးကျိုး
ပျို့အန်ခြင်း၊အနီကွက်ထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ ပုံရိပ်များနှစ်ထပ်မြင်ခြင်း၊ တက်ခြင်း၊ နုံးခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ဓာတ်မတည့်သူများအသုံးမပြုရ။
အရေးပေါ်အခြေအနေများတွင် Citicoline ကို ဦးနှောက်တွင်ရှိ သွေးဖိအားလျော့ကျစေသော အခြားသောဆေးများဖြင့်တွဲ၍သုံးရမည်။
ဦးနှောက်တစ်ရှုးများပုပ်၍ လေဖြတ်ပြီးသတိလစ်နေခြင်းတွင် လေဖြတ်ပြီးနှစ်ပတ်အတွင်း Citicoline ကို သွင်းရမည်။
အကြောထဲသို့ ထိုးသွင်းပါက ဖြည်းဖြည်းသွင်းရန်။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Dankos/Kalbe Farma
(8) တင်သွင်းသည့်ကုမ္ပဏီ
Maxxcare














