Diapride
(1) ဆေးအမည်
Diapride
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြား တပြားတွင် Glimepiride 1mg (သို့) 2mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
အမျိုးအစား (၂) ဆီးချိုရောဂါတွင် သွေးတွင်းသကြားဓါတ်ကိုလျော့ချရန်။
(4) အသုံးပြုပုံ
1-2 mg တနေ့ တစ်ကြိမ် သို့ နှစ်ကြိမ် အစာစားပြီးသောက်ရန်။ လူနာအခြေအနေပေါ်မူတည်ပြီး တစ်နေ့လျှင် 8mg ထက်မကျော်ရ။ ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။
Diapride ကို ပုံမှန်သောက်သုံးရန်လိုအပ်သလို ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကိုနေ့စဉ် အခိျန်မှန်မှန်စားခြင်း၊ မပြင်းထန်လွန်းသော အားကစားလေ့ကျင့်ခန်းတစ်ခုခု ပုံမှန်ပြုလုပ်ခြင်း၊ အ၀ မလွန်အောင် ထိန်းသိမ်းခြင်း စသည်တို့သည်လည်း သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းရာတွင် အရေးပါသော အချက်များဖြစ်သည်။
(5) ဘေးထွက်ဆိုးကျိုး
သွေးထဲတွင် သကြားဓါတ်လျော့နည်းသွားခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဂဏာမငြိမ်ခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ စိတ်ဓါတ်ကျခြင်း၊ နှလုံးခုန်နှုန်းနှေးခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ချေွးထွက်ခြင်း၊ ရင်တုန်ခြင်း၊ သွေးတိုးခြင်း၊ အသည်းထိခိုက်ခြင်း၊ ယားယံခြင်း၊ သွေးအားနည်းခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ဓါတ်မတည့်သူများ၊ အမျိုးအစား(၁) ဆီးချိုေ၀ဒနာရှင်များ၊ သွေးထဲတွင် ကီတုန်း (Ktone)ပစ္စည်းများ သူများ၊ သွေးထဲတွင်သကြားဓာတ်မြင့်တက်လွန်းပြီး သတိလစ်မေ့မြောနေသူများ၊ အသည်းနှင့် ကျောက်ကပ်ပြင်းထန်စွာ ပျက်စီးနေသူများအသုံးမပြုရ။
ကိုယ်၀န်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးယူရန်အစီအစဉ်ရှိသူများအသုံးမပြုရ။
ကားမောင်းသောသူများ၊ စက်မောင်းနှင်သူများတွင် သတိပြု၍သုံးစွဲရန်။
(7) အခြားဆေးများနှင့် ဓါတ်ပြုမှု
စိတ်ကျရောဂါကုသဆေး fluoxetine ၊ အင်ဆူလင်ထိုးဆေး၊ ပိုးသတ်ဆေးများဖြစ်သော Tetracyclines, quinolones, sulfonamide, chloramphenicol စသည်တို့နှင့်တွဲသုံးပါက သွေးတွင်းရှိ သကြားဓါတ် ကို လျော့ကျစေနိုင်သဖြင့် သွေးတွင်းသကြားဓါတ်ကို ပုံမှန်စစ်ဆေးရန်။
ဆီးဆေးများ (thiazides) ၊ စတီးရွိက်ပါ၀င်သောဆေးများ၊ သိုင်းရွိက်ရောဂါကုသဆေးများ၊ အီစထိုဂျင်ဟော်မုန်း၊ သနေ္ဓသားဆေး၊ တီဘီရောဂါကုဆေး Isoniazid နှင့် Rifampicin စသော ဆေးဝါးများသည် သွေးတွင်းရှိ သကြားဓါတ်များကို များစေနိုင်သဖြင့် ချိန်ဆ၍ သုံးစွဲရန်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Micro Labs
(9) တင်သွင်းသည့်ကုမ္ပဏီ
Zizawa Health Care














