Digestine
(1) ဆေးအမည်
Digestine
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး ၁ တောင့်တွင် Metoclopramide resinate 40 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ပျို့အန်ခြင်း၊ လေပွခြင်း၊ အစာမကြေခြင်း၊ အစာခြေစနစ်မကောင်းခြင်း၊ မေ့ဆေးပေးစဉ်ကြို့ထိုးခြင်း၊ အစာအိမ်ရောင်ခြင်း၊ စားချဥ့်ပြန်ခြင်း၊ ဓာတ်ရောင်ခြည်ကုသမှု/ကင်ဆာဆေးသွင်းကုသမှုခံယူနေစဉ် ၀မ်းဗိုက်မအီမသာ ဖြစ်ခြင်း။
(4) အသုံးပြုပုံ
တစ်ခါသောက် ၁ တောင့်၊ တစ်နေ့ ၁ ကြိမ်
(5) ဘေးထွက်ဆိုးကျိုး
အိပ်ငိုက်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ခေါင်းမူးခြင်း၊ ၀မ်းလျှောခြင်း၊ ၀မ်းချုပ်ခြင်း၊ ကြွက်သားများပုံမှန်မဟုတ်ဘဲလှုပ်ရှားခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ကလေးများမသောက်သုံးရပါ။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
စိတ်ရောဂါေ၀ဒနာရှင်များတွင်သုံးသော Phenothiazines ပါ၀င်သည့်ဆေးသည်လည်း ကြွက်သား လှုပ်ရှားခြင်းကို ထိခိုက်စေသည့့်အတွက် Metoclopramide နှင့် တွဲမသောက်သင့်ပါ။ Metoclopramide သည် အခြားဆေးများအား ခန္ဓာကိုယ်ကစုပ်ယူနိုင်မှုအပေါ် အကျိုးသက်ရောက်မှုရှိစေသည့်အတွက် တွဲမသောက်သင့်ပါ။ Atropine ပါ၀င်သည့်ဆေးသည် Metoclopramide ၏ အာနိသင်ကို လျှော့ကျစေပါသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
S.J. & G.Fazul Ellahie
(9) တင်သွင်းသည့်ကုမ္ပဏီ
Sandar Myaing














