Enzyplex
(1) ဆေးအမည်
Enzyplex
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး ၁ ပြားတွင်
Amylase 10,000 units Vit B1 10 mg
Protease 9,000 units Vit B2 5 mg
Lipase 240 units Vit B6 5 mg
Desoxycholic acid 30 mg Vit B12 5 mcg
Calcium Pantothenate 5 mg Vit B3 10 mg
Dimethylpolysiloxane 25 mg
(3) ကုသနိုင်သောရောဂါများ
လေပွခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်းစသည့် အစာခြေစနစ်နှင့် ဆိုင်သောရောဂါများ၊ အစာအိမ်နှင့်အူလမ်းကြောင်းတွင် ရောဂါရှိသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ထားသူများ၊ သက်ကြီးရွယ်အိုများ။
(4) အသုံးပြုပုံ
တစ်ခါသောက် ၁-၂ ပြား၊ တစ်နေ့ ၃ ကြိမ် အစာစားပြီးတိုင်းသောက်ရန်။
(5) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
သည်းခြေပြွန် ပိတ်ဆို့နေသောသူများ၊ ပါ၀င်သည့်ဆေးများနှင့် ဓာတ်မတည့်သူများ သောက်သုံးရန်မသင့်ပါ။
(6) ထုတ်လုပ်သည့်ကုမ္ပဏီ
United Pharma
(7) တင်သွင်းသည့်ကုမ္ပဏီ
Success & Success















