Zyrtec
(1) ဆေးအမည်
Zyrtec
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတပြားတွင် Cetirizine 10mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ဓါတ်မတည့်ခြင်း၊ ယားယံခြင်း၊ ရာသီအပြောင်းအလဲကြောင့် နှာစေးခြင်း။
(4) အသုံးပြုပုံ
လူကြီးနှင့် အသက် 6 နှစ်အထက် အရွယ်ကလေးများ - 10mg တစ်နေ့ တစ်ကြိမ်။
အသက် 2 နှစ်မှ 6 နှစ်အရွယ် ကလေးများ - 2.5 mg တစ်နေ့ ၂ ကြိမ်။
(5) ဘေးထွက်ဆိုးကျိုး
အိပ်ငိုက်ခြင်း၊ နုံးခွေခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျောခြင်း၊ ဆီးအောင့်ခြင်း၊ ဓါတ်မတည့်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
2 နှစ်အောက်ကလေးများတွင် အသုံးမပြုရ။
အရက်သောက်သောသူများ၊ ကျောက်ကပ်မကောင်းသောသူများ၊ အတက်ရောဂါရှိသူများ၊ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။
ငိုက်မျဉ်းစေသဖြင့် ကားမောင်းသောသူများ၊ စက်ကိုင်တွယ်မောင်းနှင်သူများတွင် သတိပြု၍သုံးစွဲရန်။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
GlaxoSmithKline
(8) တင်သွင်းသည့်ကုမ္ပဏီ
Grand Pharma