Nazolin
(1) ဆေးအမည်
Nazolin
(2) ပါ၀င်သောဆေးအမျိုးအစား
နှာခေါင်းတွင်းဖျန်းဆေးရည်ဖြစ်ပြီးဆေးရည် 0.05 ml တွင်oxymetazolineHCl 25mcg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
နှာခေါင်းတွင်းအမြှေးပါးရောင်ရမ်းခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ဓါတ်မတည့်ခြင်း၊ နှာခေါင်းတွင်းပိုး၀င်၍ ရောင်ရမ်းခြင်း၊ နားရောင်ရမ်းခြင်း။
(4) အသုံးပြုပုံ
နှာခေါင်းတစ်ဖက်စီကိုတစ်နေ ့၂ ကြိမ်၊ ၁ ကြိမ် လျင် ၂ ခါမှ ၃ ခါဖြန်းပေးရန်။ ဖြန်းဆေးကို ၅ ရက်ထက် ပိုပြီးအသုံးမပြုရ။
(5) ဘေးထွက်ဆိုးကျိုး
ယားယံခြင်း၊ နှာခေါင်းတွင်းခြောက်သွေ ့ခြင်း၊ မျက်သားခြောက်ခြင်း၊ အိပ်ငိုက်ခြင်း၊ သွေးပေါင် အနည်းငယ်တက်ခြင်း၊ သွေးပေါင်ကျခြင်း၊ ၂ ပတ်ထက်ပိုပြီးအသုံးပြုပါက ၎င်းဆေး ကိုယ်တိုင်ကြောင့်ပင် နှာခေါင်းပိတ်ခြင်းကို ဖြစ်စေနိုင်ပါသည်။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ရေတိမ်ရောဂါရှိသူများအသုံးမပြုသင့်။
နှလုံးသွေးကြောဆိုင်ရာရောဂါရှိသူများ၊ သွေးတိုးရောဂါရှိသူများ၊ သိုင်းရွိက််ဟော်မုန်းများသူများ၊ ဆီးချိုရောဂါရှိသူများ၊ ကိုယ်၀န်ဆောင်မိခင်များတွင် သတိပြု သုံးစွဲရန်။
Nazolinဖျန်းဆေးကိုလဲလျောင်းပြီးအသုံးမပြုရ။ ဆေးဘူးကိုအခြားသူများနှင့် မျှေ၀ပြီး အသုံးမပြုရ။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
စိတ်ကျရောဂါကုသဆေးMonoamine oxidaseInhibitor သုံးစွဲနေသူများအသုံးမပြုရ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Beximco
(9) တင်သွင်းသည့်ကုမ္ပဏီ
Golden Hawks















