/
news/အသုံးများဆေးဝါးများ/avas

Avas

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Avas

(1) ဆေးအမည်

        Avas

 

(2) ပါ၀င်သောဆေးအမျိုးအစား

          Atorvastatin Calcium 10mg နှင့် 20mg

 

(3) ကုသနိုင်သောရောဂါများ

          သွေးထဲတွင် ကိုလက်စထရောများခြင်း၊ သွေးထဲတွင် triglyceride အဆီဓာတ်များခြင်း အခြေအနေများတွင် သွေးတွင်းအဆီဓာတ်လျှော့ချရန်အတွက် အစားအသောက်ဆင်ခြင်ခြင်း နည်းလမ်းနှင့် တွဲ၍သုံးသည်။

 

(4) အသုံးပြုပုံ

          Avas ကို သောက်သုံးရုံသာမက ကိုလက်စထရောနည်းပါးသော အစားအစာများကို စားသုံးသင့် သည်။ သွေးထဲတွင် ကိုလက်စထရောများသူများ 10mg တစ်နေ့တစ်ကြိမ်မှစ၍ သောက်ရမည်။ တစ်နေ့လျှင် 80mg အထိတိုး၍သောက်နိုင်သည်။ ဆေးသောက်ပြီး 2 ပတ်မှ 4 ပတ်အတွင်း သွေးတွင်းအဆီပမာဏကို ပြန်လည် စစ်ဆေးပြီး ဆေးပမာဏကိုလိုအပ်သလို ချိန်ဆရမည်။ ကျောက်ကပ်မကောင်းသူများတွင် ဆေးပမာဏကို ချိန်ဆရန်မလိုသော်လည်း အသည်းမကောင်းသောသူများ၊ အရက်သောက်သောသူများတွင် ဆေးပမာဏကို ချိန်ဆ၍သုံးစွဲရန်။

 

 (5) ဘေးထွက်ဆိုးကျိုး

          ကြွက်သားများနာကျင်ခြင်း၊ ၀မ်းချုပ်ခြင်း၊ လေပွခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဖောရောင်ခြင်း၊ ပျို့အန်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ လေပြွန်ရောင်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းမူးခြင်း၊ ကြွက်တက်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ ယားယံခြင်း၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ အမြင်အာရုံေ၀ဝါးခြင်း၊ နားမကြားခြင်း၊ ထိပ်ပြောင်ခြင်း၊ ရင်တုန်ခြင်း၊ သွေးတိုးခြင်း၊ သွေးထဲတွင် သကြားဓာတ်နည်းခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          Creatinine Phosphokinase (CPK) ပမာဏကိုတက်စေနိုင်သဖြင့် ကြွက်သားအားနည်းသူများတွင် သတိပြု၍သုံးစွဲရန်။

          လက်ရှိအသည်းရောဂါခံစားနေရသူများ၊ သွေးထဲတွင် အသည်းမှထွက်ရှိသည့်အင်ဇိုင်းများဖြစ်သော Transaminase များ၏ပမာဏမှာ ပုံမှန်ထက်သုံးဆမြင့်တက်နေသူများအသုံးမပြုရ။

          ကိုယ်၀န်ဆောင်၊ ကလေးနှင့် နို့တိုက်မိခင်များအသုံးမပြုရ။ ကြွက်သားအားနည်းသော သူများ၊ ကျောက်ကပ်မကောင်းသောသူများတွင် အသုံးမပြုရ။

          အသည်း၏ လုပ်ငန်းဆောင်တာများကို ပျက်ယွင်းစေနိုင်သဖြင့် Avas သုံးစွဲသူများတွင် အသည်း၏ လုပ်ငန်းဆောင်တာများကိုစစ်ဆေးရန်။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

          ပဋိဇီ၀ဆေး Erythromycin ၊ မှို သတ်ဆေး ဗီတာမင် B ဓာတ် (niacin) စသော ဆေးဝါးများ၊ Cyclosporin ဆေးဝါးများနှင့်တွဲသုံးပါက ကြွက်သားအားနည်းခြင်းကို ပိုမိုဖြစ်စေနိုင်ပါသည်။

          သနေ္ဓတားဆေး၊ နှလုံးရောဂါတွင်သုံးသော Digoxin တို့နှင့်တွဲသုံးပါက သနေ္ဓတားဆေးနှင့် Digoxin ၏ အာနိသင်ကို ပိုကောင်းစေပါသည်။

          အစာအိမ်တွင်းရှိအက်ဆစ်ဓာတ်ကို လျှော့ချပေးသော Antacidများနှင့် တွဲသုံးပါက သွေးတွင်းရှိ Avas ပမာဏကိုလျော့ကျစေပါသည်။  

       

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        Micro Labs

       

(9) တင်သွင်းသည့်ကုမ္ပဏီ

          Zizawa Health Care

www.drmyanmar.com