Nise
(1) ဆေးအမည်
Nise
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတပြားတွင် Nimesulide 100mg၊ လိမ်းဆေးရည် 5ml တွင် Nimesulide 50mg၊ လိမ်းဆေးဂျဲလ် 1g တွင် Nimesulide 10mg, methyl salicylate 100mg, menthol 50mg, Capsaicin 0.25 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
နာကျင်ကိုက်ခဲခြင်းအမျိုးမျိုး၊ ရောင်ရမ်းခြင်းနှင့်အဖျား၀င်ခြင်း။
(4) အသုံးပြုပုံ
သောက်ဆေး - လူကြီး 100mg တနေ့ 2 ကြိမ်။ ကလေးကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဆေး 1.5mg နှင့် တွက်ပြီးတနေ့ 2 ကြိမ်မှ 3 ကြိမ်ပေးရမည်။
လိမ်းဆေးဂျဲလ် - နာကျင်ကိုက်ခဲသောနေရာနှင့် အနီးတ၀ိုက်ကို သန့်စင်ခြောက်သွေ့အောင်ထားပြီး ဂျဲလ်ကိုတနေ့လျှင် 3 ကြိမ်မှ 4 ကြိမ်ခပ်ပါးပါးလိမ်းပေးရန်။ လိမ်းပြီးလျှင် လက်ဆေးရမည်။
(5)ဘေးထွက်ဆိုးကျိုး
အနီစက်ထွက်ခြင်း၊ ယားယံခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ အာရုံကြောထိခိုက်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
အစာအိမ်အနာရှိသူများ၊ ဓါတ်မတည့်သူများ၊ အသည်းမကောင်းသောသူများ၊ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် အသုံးမပြုရ။ ဂျဲလ်ကိုမျက်လုံးပေါ်နှင့် အရေပြားပေါက်ပြဲနေသော ဒဏ်ရာများပေါ်တွင် သုတ်လိမ်းခြင်းမပြုရ။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Dr Reddy's
(8) တင်သွင်းသည့်ကုမ္ပဏီ
Hero Int'l















