/
news/အသုံးများဆေးဝါးများ/zydesmo

Zydesmo

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Zydesmo

(1) ဆေးအမည်

        Zydesmo

 

(2) ပါ၀င်သောဆေးအမျိုးအစား

        နှာခေါင်းတွင်းဖြန်းဆေး 0.1ml တွင် Desmopressin acetate 10mcg ပါ၀င်ပါသည်။

 

(3) အသုံးပြုနိုင်သောရောဂါများ

          ဦးနှောက်တွင်းရှိ ဦးနှောက်အစိတ်အပိုင်းတစ်ခုချို့ယွင်းခြင်းကြောင့် ဆီးထွက်များပြီး ရေအလွန်ငတ်သောရောဂါ (Cranial Diabetes Insipidus)

 

(4) အသုံးပြုပုံ

          Cranial Diabetes Insipidus - လူကြီး 10mcg မှ 20mcg တစ်နေ့ နှစ်ကြိမ်၊ ကလေး 5mcg မှ 10mcg တစ်နေ့နှစ်ကြိမ်။

        အိပ်ပျော်နေစဉ် ဆီးသွားသောရောဂါ - 10 to 40 mcg ညအိပ်ရာ၀င်ချိန်။

 

(5) ဘေးထွက်ဆိုးကျိုး

          ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ဓာတ်မတည့်သူများ၊ ကျောက်ကပ်ပျက်စီးနေသူများ၊ သွေးထဲတွင်ဆိုဒီယမ်ဓာတ်နည်းသူများ အသုံးမပြုရ။

          ကလေးများ၊ အသက်ကြီးသောသူများနှင့် ကျောက်ကပ်မကောင်းသောသူများတွင် သတိပြု၍သုံးစွဲရန်။ ကိုယ်၀န်ဆောင်မိခင်နှင့် နို့တိုက်မိခင်များတွင် ချိန်ဆ၍သုံးစွဲရန်။

         အိပ်ပျော်နေစဉ် ဆီးသွားသောေ၀ဒနာရှင်များတွင် ဆေးမသုံးမီ 1 နာရီအလိုနှင့် ဆေးသုံးပြီး 8 နာရီ ကြာသည်အထိ ရေမသောက်ရ။ ကလေးများတွင်အသုံးပြုပါက နှာခေါင်းအတွင်းသို့ ပြွန်ဖြင့်သွင်း၍ အသုံးပြုရန်။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

          စိတ်ရောဂါတွင်သုံးသော Tricyclic Antidepressants, chlorpromazine နှင့် အတက်ရောဂါတွင်သုံးသော carbamazepine နှင့်တွဲသုံးပါက ဆီးထိန်းသည့်အာနိသင်ကို ပိုကောင်းစေပါသည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Zydus Cadila

 

 (9) တင်သွင်းသည့်ကုမ္ပဏီ

          AA Medical

www.drmyanmar.com