Terbisil
(1) ဆေးအမည်
Terbisil
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် terbinafine 250 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
အရေပြားနှင့်လက်သည်းရှိမှိုစွဲနာအမျိုးမျိုး
(4) အသုံးပြုပုံ
တစ်နေ့တစ်ကြိမ်တစ်ခါသောက်လျှင် ဆေးပြားတစ်ပြား။ ရောဂါအခြေအနေပေါ်မူတည်ပြီး ဆရာ၀န် ညွှန်ကြားချက်အတိုင်း သောက်သုံးရန်။
40kg ထက်ရှိသောကလေးများတွင် ဆေးပြားတစ်ပြားတစ်နေ့တစ်ကြိမ်။
20kg မှ 40kg ကြားရှိသောကလေးများတွင် ဆေးပြားတစ်၀က်တစ်နေ့တစ်ကြိမ်။
(5) ဘေးထွက်ဆိုးကျိုး
ရင်ပြည့်ခြင်း၊ ပါးစပ်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ယားယံခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ အသည်းထိခိုက်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
အသည်းမကောင်းသောသူများ၊ အရက်သောက်သောသူများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။ ကိုယ်၀န်ဆောင်၊ နို့တိုက်မိခင်များနှင့် 2 နှစ်အောက်ကလေးများတွင်အသုံးမပြုရ။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
အစာအိမ်ရောဂါကုဆေး Cimetidine နှင့်တွဲသုံးပါကTerbinafine ၏ အာနိသင်ကိုလျော့ကျစေပါသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Zifam India/ Zifam Pinnacle
(9) တင်သွင်းသည့်ကုမ္ပဏီ
Pyrex















