/
news/အသုံးများဆေးဝါးများ/topirol

Topirol

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Topirol

(1) ဆေးအမည်

       Topirol

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင်Topiramate 25mg (သို့) 50mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        အတက်ရောဂါအတွက် တစ်မျိုးတည်းဖြစ်စေ၊ အခြားဆေးများနှင့်တွဲဖက်၍ဖြစ်စေအသုံးပြုသည်။

 

(4) အသုံးပြုပုံ        

        လူကြီးနှင့် 10 နှစ်အထက်ကလေးများတွင်တနေ့လျှင် 400 mg ကို2 ကြိမ်ခွဲ၍ပေးရမည်။ အခြားသောဆေးများနှင့်တွဲသုံးပါက 17 နှစ် နှင့်အထက်ကလေးများတွင် တနေ့လျှင် 200 mg မှ 400mg ကို နှစ်ကြိမ်ခွဲပြီးတိုက်ရမည်။ အသက် 2 နှစ်မှ 16 နှစ်အရွယ်ကလေးများတွင် 5-9 mg/ kg/day ကို နှစ်ကြိမ်ခွဲပြီးတိုက်ရမည်။

 

(5) ဘေးထွက်ဆိုးကျိုး

        ခြေထောက်ကိုက်ခဲခြင်း၊ရင်ဘတ်အောင့်ခြင်း၊ ခေါင်းမူးခြင်း၊ ၀မ်းလျောခြင်း၊ ၀မ်းချုပ်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ စားချဥ့်ပြန်ခြင်း၊ အလေးချိန်ကျခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ ဗိုက်အောင့်ခြင်း၊ သွေးအားနည်းခြင်း၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ ရာသီသွေးမမှန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်း၊ အသက်ရူလမ်းကြောင်းဆိုင်ရာပိုး၀င်ခြင်း၊ နှစ်ထပ်မြင်ခြင်း၊ နာပြည်ယိုခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန် မသင့်သူများ

        အသည်းမကောင်းသောသူများ၊ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များ၊ ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။

 

(7) အခြားသောဆေးများနှင့်ဓါတ်ပြုမှု

        ဆီးချိုရောဂါကုဆေးpioglitazone နှင့်တွဲသုံးပါကချိန်ဆ၍အသုံးပြုရန်။

          Valproic Acid နှင့်တွဲသုံးပါကသွေးရည်ကြည်တွင်းရှိValproic Acidပမာဏကို 11% ထိ လျော့နည်းစေပြီး သွေးရည်ကြည်တွင်းရှိ Topiramate ပမာဏကို 14% ထိလျော့နည်းစေပါသည်။

          ဟော်မုန်းပါသောသနေ္ဓသားဆေးနှင့် တွဲသုံးပါကသနေ္ဓတားဆေး၏ အာနိသင်ကိုလျော့နည်းစေပါသည်။

          Acetazolamide, methazolamide စသောဆေးဝါးများနှင့်တွဲသုံးပါ က ကျောက်ကပ်တွင်း ကျောက်တည်နိုင်ချေကို ပိုမိုမြင့်မားစေပါသည်။

        အာရုံကြောစနစ်ကိုအားနည်းစေသောအာနိသင်ရှိသောကြောင့် ထိုကဲ့သို့သောအာနိသင်ရှိသော ဆေးဝါးများ (ethanol, Benzodiazepines, စိတ်ကျရောဂါကုဆေး) နှင့်အတူတွဲသုံးမည်ဆိုပါက ချိန်ဆ၍အသုံးပြုရန်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          SUNPharma

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Sin ByuGyun

www.drmyanmar.com