/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-နုံးတဲ့အခါ-အနားယူပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ နုံးတဲ့အခါ အနားယူပေးပါ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ဆောင်ချိန် ပထမလပိုင်းအတွင်းမှာ မကြာခဏ နုံးနုံးနေတာဟာ ပိုပိုဆိုးလာတယ်မလား? ဒါဟာ သင်အနားယူဖို့ ခန္ဓာကိုယ်က အချက်ပြတာပါ။

          မွေးဖွားခါနီး နောက်ဆုံးလ ရောက်လာတဲ့အခါမှာတော့ အနားယူဖို့ လိုကိုလိုလာပြီနော်။

          အနားယူတဲ့အချိန် တိုးကိုတိုးလာသင့်ပါပြီ။ အိပ်နေတာ မဟုတ်ရင်တောင် ခြေထောက်ကို မြှောက်တင်ထားတာမျိုးပေါ့။

          တချို့တွေကတော့ ဒီအချိန်မှာ နုံးတာမျိုးကို အရိုးထိကို နုံးတယ်လို့ ပြောကြတယ်။ ဒါဟာ သဘာဝတရားကြီးက တခြားနေရာတွေမှာ အလုပ်ရှုပ် အားအင်ကုန်ဆုံးမယ့်အစား အရေးကြီးတာကို အာရုံစိုက်စေတဲ့သဘောပါပဲ။

          လမ်းလျှောက်ရင်တောင် ဖြည်းဖြည်းချင်းလျောက်ရပြီး ခဏလေးနဲ့ မောလာလိမ့်မယ်။ ကိုယ့်အတွက်ကိုယ်ရော၊ ကလေးအတွက်ပါတွေးပြီး အနားယူပေးဖို့ လိုတယ်။

          တကယ်လို့ အလုပ်ကတစ်မျိုး၊ ယောက်ျားကတစ်မျိုး၊ ကလေးအကြီးကတစ်မျိုးဖြစ်နေရင်တောင်မှ အလုပ်ကနေ စောစောဆင်း၊ ယောက်ျားစားဖို့ ဆိုင်ကမှာပြီး ကလေးကို တီဗွီသာ ဖွင့်ပြထားလိုက်ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)