ကိုယ်ဝန်ဆောင်မိခင်တို့ အစာမကြေခြင်းနဲ့ ရင်ပူခြင်းတို့ ဖြစ်လေ့ရှိတယ်ဆိုရင်
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့်၊ ကြီးထွားလာတဲ့ ရင်သွေးလေးဟာ အစာအိမ်ကို ဖိထားခြင်းကြောင့်၊ အစာအိမ်ထဲကအက်စစ်တွေ အစာရေမျိုထဲ ပြန်တက်ခြင်းကြောင့် အစာမကြေခြင်းနဲ့ ရင်ပူခြင်းကို ခံစားရလေ့ရှိပါတယ်။ ဒီလက္ခဏာကို သက်သာစေဖို့အတွက်…
Obimin 2022 IA 1
• တစ်နေ့ထမင်းသုံးနပ် အဝစားမယ့်အစား ပမာဏနည်းနည်းကို မကြာခဏ စားသောက်ပေးပါ။
• ညအိပ်ခါနီး သုံးနာရီအလိုလောက်မှာ အစာမစားပါနဲ့။
• အစာစားတဲ့အခါ မတ်မတ်ထိုင်ပြီး စားသောက်ပါ။ အစာစားပြီးရင်လည်း ခဏလောက် မတ်မတ်ထိုင်နေပေးပါ။
• ကဖင်းပါတဲ့ သောက်စရာတွေ၊ အပူအစပ်နဲ့ အဆီများတဲ့ အစားအသောက်တွေကို ချင့်ချိန်စားသောက်ပါ။
• ဦးခေါင်းနဲ့ပုခုံးကို မြင့်ထားပြီး အိပ်စက်ပါ။ ဒါမှမဟုတ် ဘယ်ဘက်စောင်းပြီး အိပ်စက်ပါ။
Obimin 2022 IA 2
ကိုယ်ဝန်ဆောင်ချိန်မှာ အစာမကြေခြင်းနဲ့ ရင်ပူခြင်းကို ခံစားရတဲ့အခါ အများစုဟာ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ သက်သာသွားတတ်ပေမယ့် အစာမျိုရခက်ခြင်း၊ အသံသြလာခြင်း၊ နာတာရှည်ချောင်းဆိုးခြင်း (သို့) ချောင်းဆိုးပျောက်သွားပေမယ့် ခဏခဏပြန်ဖြစ်ခြင်း၊ လည်ပင်းအကျိတ်များကြီးခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း အစရှိတဲ့လက္ခဏာတွေ ရှိလာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။