/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ရင်သွေးလေးရဲ့-ပထမဆုံး-ရက်ပေါင်း-၁၀၀၀-အတွက်-မေမေပေးနိုင်တဲ့

ရင်သွေးလေးရဲ့ ပထမဆုံး ရက်ပေါင်း (၁,၀၀၀) အတွက် မေမေပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

     ကိုယ်ဝန်ဆောင်ချိန်ကစလို့ ကလေးအသက် (၂) နှစ်အထိ ကာလကို ဆေးပညာအရ “ပထမဆုံး ရက်ပေါင်း (၁,၀၀၀)” လို့ ခေါ်ဆိုပြီး ဒါဟာ ကလေးတစ်ယောက်ရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး ကျန်းမာနေဖို့အတွက် ရွှေရောင်အချိန်ကာလပဲ ဖြစ်ပါတယ်။

     ​ဒီရွှေရောင်ရက်ပေါင်း ၁,၀၀၀ မှာ ရင်သွေးလေးအတွက် မေမေတို့ဘက်က ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ကတော့ အာဟာရမျှတအောင် စားသောက်ပေးခြင်းပဲ ဖြစ်ပါတယ်။

Obimin and Obimin Calcium IA 1

     ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေနဲ့ ဒါတွေရဖို့ ဘာတွေစားပေးရမလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

  • အသားဓာတ် - ကြက်သား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့
  • သံဓာတ် - အသားအမျိုးမျိုး၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး
  • ကယ်လ်ဆီယမ် - နို့နဲ့နို့ထွက်ပစ္စည်းများ
  • ဖောလစ်အက်စစ် - အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
  • အိုင်ဒိုဒင်း - အိုင်အိုဒင်းဆား

Obimin and Obimin Calcium IA 2

     ပထမဆုံး ရက်ပေါင်း ၁,၀၀၀ ဟာ ကိုယ်ဝန်ဆောင်ချိန်ကနေ သားသားမီးမီးတို့အသက် (၂) နှစ်အထိ အကျုံးဝင်တာကြောင့် မေမေတို့ဟာ ကလေးမွေးပြီးရင်လည်း အာဟာရကို လျှော့မပစ်ရပါဘူး။ မိခင်နို့ရည်ကတစ်ဆင့် မေမေစားသမျှ အာဟာရတွေက ကလေးဆီ တိုက်ရိုက်ရောက်သွားမှာ ဖြစ်လို့ နို့တိုက်ချိန်မှာလည်း အာဟာရစုံလင်အောင် စားသောက်ပေးဖို့ လိုအပ်ပါတယ်။

www.drmyanmar.com