/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်တွေ-ဓာတ်မှန်ရိုက်သင့်လား

ကိုယ်၀န်ဆောင်တွေ ဓာတ်မှန်ရိုက်သင့်လား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

1. ကိုယ်၀န်ဆောင်ချိန်မှာ X-ray ဓာတ်မှန်ရိုက်သင့်သလား။

     ကိုယ်၀န်ဆောင်ချိန်မှာ ဓာတ်မှန်ရိုက်ခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။

 

2. ဒါဆိုကုသရာမှာ အချိန်နှောင်းသွားနိုင်လား။

     ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ကလေးမွေးဖွားပြီးသည့်အချိန်အထိ ကုသမှုကိုရွေ့ဆိုင်း၍ရ/မရ သက်ဆိုင်ရာ ဆရာ၀န်ကဆုံးဖြတ်ပေးပါလိမ့်မယ်။ ဒါ့အပြင် အချို့သောရောဂါများက အာထရာဆောင်း (Ultrasound) ရိုက်ခြင်းဖြင့်လည်း စစ်ဆေးသိရှိနိုင်ပါတယ်။

 

3. ကိုယ်၀န်ဆောင်ချိန်မှာ သွားတွေကိုကော ဓာတ်မှန်ရိုက်လို့ရသလား။

     သွားဓာတ်မှန်အများစုက ၀မ်းဗိုက်နှင့် တင်ပဆုံနေရာတွေကို ထိခိုက်နိုင်ခြင်းမရှိပေမယ့် သွားဆရာ၀န်အများစုက ကလေးမွေးဖွားပြီးချိန်နောက်ပိုင်းမှသာ သွားဓာတ်မှန်ရိုက်ဖို့ အကြံပြုပါတယ်။ သွားဆေးခန်းသွားပြပါက ဆရာ၀န်ကို ကိုယ်၀န်ရှိ နေကြောင်းကြိုတင်ပြောပြထားပါ။

 

4. X-ray (ဓာတ်မှန်)ကို ဘယ်လိုရိုက်ကူးသလဲ။

     X-ray ဆိုတာ ခန္ဓာကိုယ်ကို ဖြတ်သွားနိုင်တဲ့ ရောင်ခြည်တွေအသုံးပြုပြီး ပုံရိပ်ဖော်တာဖြစ်ပါတယ်။ ဓာတ်မှန်အမျိုးအစား၊ အသုံးပြုတဲ့စက်၊ ခန္ဓာကိုယ်အရွယ်အစားပေါ်မူတည်ပြီး အသုံးပြုတဲ့ရောင်ခြည်ပမာဏကွဲပြားနိုင်ပါတယ်။ ရောင်ခြည်ပမာဏကို milligray (mGy) ဖြင့်ဖော်ပြလေ့ရှိပြီး ဓာတ်မှန်ရိုက်တဲ့အခါမှာ အသေးငယ်ဆုံးနှင့်ထိရောက်မှုအရှိဆုံးပမာဏကို အသုံးပြုတာ ဖြစ်ပါတယ်။

 

5. ကိုယ်၀န်ဆောင်ချိန်တွင် ဓာတ်မှန်ရိုက်ပါက ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်သလဲ။

     ကိုယ်၀န်ဆောင်ချိန်မှာ ဓာတ်မှန်ရိုက်ခြင်းကြောင့် ကလေးပျက်ကျခြင်း၊ မွေးဖွားလာတဲ့ကလေးမှာ မွေးရာပါချို့ယွင်းချက် စတဲ့ဆိုးကျိုးသက်ရောက်မှုမရှိပေမယ့် ဓာတ်ရောင်ခြည်နှင့် မကြာခဏထိတွေ့မိပါက မွေးဖွားလာတဲ့ကလေးငယ်မှာ ကင်ဆာရောဂါ ဖြစ်နိုင်ချေရှိပါတယ်။ အသုံးပြုတဲ့ ရောင်ခြည်ပမာဏများလေလေ ကလေးငယ်မှာကင်ဆာဖြစ်ဖို့ အလားအလာပိုများ လေလေပါဘဲ။

     သွားကိုရိုက်တဲ့ ဓာတ်မှန်ကနေ မမွေးသေးတဲ့ကလေးငယ်ကိုထိခိုက်ဖို့ အလားအလာအရမ်းနည်းပါတယ်။ ဒါပေမဲ့ ကိုယ်၀န်ရှိနေပါက သွားဆရာ၀န်ထံကြိုတင်ပြောပြထားပါ။ ရောဂါအခြေအနေကို ပေါ်မူတည်ပြီး ကလေးမွေးဖွားပြီးသည်အထိ ရွေ့ဆိုင်း၍မရပါက ဓာတ်မှန်ရိုက်နေချိန်တွင် ခဲဖြင့်ပြုလုပ်ထားတဲ့ရှေ့ဖုံးခါးစည်းနဲ့ ၀မ်းဗိုက်ကို ကာရံပေးထားမှာဖြစ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com