/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဗိုက်ကလေးတို့-ခေါင်းကိုက်နေလား-ကိုယ်ဝန်ဆိပ်တက်မယ်-သတိထား

ဗိုက်ကလေးတို့ ခေါင်းကိုက်နေလား ... ကိုယ်ဝန်ဆိပ်တက်မယ် သတိထား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

       ခေါင်းကိုက်တာဟာ အမျိုးသမီးတွေဘဝမှာ အဖြစ်များတဲ့ပြဿနာတစ်ရပ်ပါပဲ။ ခေါင်းကိုက်တာအပြင် တခြားလက္ခဏာတွေဖြစ်တဲ့ လည်ချောင်းနာတာ၊ အအေးမိတာ၊ ထိပ်ကပ်နာပြဿနာတွေပါ တွဲလာတတ်ပါတယ်။ ခေါင်းကိုက်တာ သိပ်မဆိုးဘဲနဲ့ အရင်ကလည်း ကိုက်နေကျပုံစံအတိုင်းဆိုရင် ကြောက်စရာ သိပ်မရှိဘူးပေါ့။ အရင်က မကိုက်ဖူးဘဲ ကိုက်တဲ့ပုံစံမျိုးဆိုရင်၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင် ကိုယ်ဝန်ဆိပ်တက်တာ ဖြစ်နိုင်ပါတယ်။
       ကိုယ်ဝန်ဆိပ်တက်တယ်ဆိုုတာဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကိုု ပြောတာဖြစ်ပါတယ်။ ကိုုယ်ဝန်ဆိပ်တက်တာကြောင့် ကိုုယ်ဝန်ဆောင်မေမေ့ရဲ့ ကျောက်ကပ်၊ အသည်း၊ ဦးနှောက်နဲ့ အချင်းကို ထိခိုက်စေနိုင်တယ်။ သားဦးကိုယ်ဝန်မှာ ပိုအဖြစ်များတာကိုု တွေ့ရပါတယ်။

>>    သူ့ရဲ့လက္ခဏာတွေကတော့ -
●    တောက်လျှောက်ခေါင်းကိုက်တာ
●    အမြင်ဝေဝါးတာ၊ နှစ်ထပ်မြင်တာ စတဲ့ အမြင်အာရုံပြဿနာတွေ
●    ညာဘက်ဗိုက် အပေါ်ပိုင်းက နာတာကျင်တာ
●    နေ့ခင်းဘက်မှာတောင် ပျောက်မသွားဘဲ လက်တွေ၊ မျက်နှာတွေ ရောင်နေတာ (တချို့ဖောရောင်တာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်အတိုင်းကို ဖြစ်နိုင်ပေမယ့် တခြားကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေပါ ပါနေရင်တော့ သတိထားဖို့ လိုပါပြီ)
       စတဲ့ လက္ခဏာတွေနဲ့ လာနိုင်တယ်နေ်ာ။

Dr. Mya Phoo Ngon (www.drmyanmar.com)

(Zawgyi)

       ေခါင္းကိုက္တာဟာ အမ်ိဳးသမီးေတြဘဝမွာ အျဖစ္မ်ားတဲ့ျပႆနာတစ္ရပ္ပါပဲ။ ေခါင္းကိုက္တာအျပင္ တျခားလကၡဏာေတြျဖစ္တဲ့ လည္ေခ်ာင္းနာတာ၊ အေအးမိတာ၊ ထိပ္ကပ္နာျပႆနာေတြပါ တြဲလာတတ္ပါတယ္။ ေခါင္းကိုက္တာ သိပ္မဆိုးဘဲနဲ႔ အရင္ကလည္း ကိုက္ေနက်ပုံစံအတိုင္းဆိုရင္ ေၾကာက္စရာ သိပ္မရွိဘူးေပါ့။ အရင္က မကိုက္ဖူးဘဲ ကိုက္တဲ့ပုံစံမ်ိဳးဆိုရင္၊ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာဆိုရင္ ကိုယ္ဝန္ဆိပ္တက္တာ ျဖစ္နိုင္ပါတယ္။
       ကိုယ္ဝန္ဆိပ္တက္တယ္ဆိုုတာဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေသြးတိုးတာကိုု ေျပာတာျဖစ္ပါတယ္။ ကိုုယ္ဝန္ဆိပ္တက္တာေၾကာင့္ ကိုုယ္ဝန္ေဆာင္ေမေမ့ရဲ့ ေက်ာက္ကပ္၊ အသည္း၊ ဦးေႏွာက္နဲ႔ အခ်င္းကို ထိခိုက္ေစနိုင္တယ္။ သားဦးကိုယ္ဝန္မွာ ပိုအျဖစ္မ်ားတာကိုု ေတြ႕ရပါတယ္။

>>    သူ႔ရဲ့လကၡဏာေတြကေတာ့ -
●    ေတာက္ေလၽွာက္ေခါင္းကိုက္တာ
●    အျမင္ေဝဝါးတာ၊ ႏွစ္ထပ္ျမင္တာ စတဲ့ အျမင္အာ႐ုံျပႆနာေတြ
●    ညာဘက္ဗိုက္ အေပၚပိုင္းက နာတာက်င္တာ
●    ေန႔ခင္းဘက္မွာေတာင္ ေပ်ာက္မသြားဘဲ လက္ေတြ၊ မ်က္ႏွာေတြ ေရာင္ေနတာ (တခ်ိဳ႕ေဖာေရာင္တာေတြက ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ပုံမွန္အတိုင္းကို ျဖစ္နိုင္ေပမယ့္ တျခားကိုယ္ဝန္ဆိပ္တက္တဲ့ လကၡဏာေတြပါ ပါေနရင္ေတာ့ သတိထားဖို႔ လိုပါၿပီ)
       စတဲ့ လကၡဏာေတြနဲ႔ လာနိုင္တယ္ေန္ာ။

Dr. Mya Phoo Ngon (www.drmyanmar.com)