မေမေတို့အတွက်နို့တိုက်နည်းများ
မိခင်နို့တိုက်တယ်ဆိုတာ တကယ်တော့ ထင်သလောက်မလွယ်ကူဘူးနေ်ာ။ မေမေဘာတွေစားရမလဲ? ဘယ်လောက်စားရမလဲ? မေမေစားတဲ့အစားအသောက်တွေက ကလေးကိုဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲဆိုတာတွေကို စဉ်းစားဖို့လိုတယ်နော်။
မိခင်နို့တိုက်တယ်ဆိုတာ ကိုယ့်ရင်နှစ်သည်းခြာအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ကိုယ့်ဆီကနေ ပေးနေတာပါပဲ။ ဒါကြောင့် ဘယ်အစားအသောက်တွေက ကလေးအတွက်သင့်တေ်ာမလဲဆိုတာ မေးစရာဖြစ်လာပါပြီ။
နို့တိုက်နေတုန်းမှာမေမေတို့ကယ်လိုရီပိုစားဖို့လိုမလား?
တစ်နေ့ကို ၃၃၀ ကနေ ၄၀၀ ကယ်လိုရီလောက် ပိုစားဖို့လိုပါလိမ့်မယ်နော်။ ဒီလိုကယ်လိုရီအပိုတွေရဖို့အတွက် အာဟာရပြည့်ဝတဲ့အစားအသောက်တွေကို ရွေးချယ်ဖို့လိုလာတယ်။ ဥပမာ မပြုပြင်ထားတဲ့ ဂျုံပေါင်မုန့်ကြမ်းကို မြေပဲထောပတ်၁ဇွန်းသုတ်စားတာ၊ ပန်းသီး၊ငှက်ပျောသီးတွေစားတာ၊ ဒိန်ချဉ်စားတာမျိုးတွေ လုပ်ပေးရမယ်။
ဘယ်လိုအစားအသောက်တွေစားပေးရမလဲ?
နို့ကောင်းကောင်းထွက်စေမယ့်အစားအသောက်တွေ စားပေးပါ။ ပရိုတင်းများတဲ့ အဆီနည်းအသား၊ ဥ၊ နို့ထွက်ပစ္စညး်တွေ၊ ပဲ၊ မာကျူရီနည်းတဲ့ ပင်လယ်စာတွေ စားပေးသင့်တယ်နော်။ မပြုပြင်ထားတဲ့ ဂျုံ၊နှံ၊ပြောင်းတွေ စားပေးပါ။ အသီးအရွက်တွေလည်း များများစားပေးဖို့လိုတယ်။ အသီးအရွက်တွေကို မစားခင် ပိုးသတ်ဆေးစင်အောင် ရေများများဆေးပေးဖို့တော့ မမေ့နဲ့နော်။
နို့တိုက်နေချိန်မှာ အစားအစာမျိုးစုံစားပေးတာက ကလေးကိုအရသာမျိုးစုံနဲ့ ထိတွေ့ပေးသလိုဖြစ်တာကြောင့် နောက်ပိုင်းအစားစားလာတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
ကလေးရောအမေမှာပါ ဗီတာမင်တွေပြည့်ပြည့်ဝဝရရှိအောင် ဆရာဝန်က ဗီတာမင်ဖြည့်စွက်စာတွေ ပေးလိမ့်မယ်နော်။
ရေတစ်နေ့ဘယ်လောက်သောက်ပေးသင့်သလဲ?
ရေမဆာရင်တောင် ရေသောက်ပါ။ ဆီးအရောင်ရင့်လာရင် ရေသောက်ပါ။ နို့တိုက်နေချိန်မှာလည်း ဘေးမှာရေတစ်ခွက်အမြဲဆောင်ထားပါ။
ဒါပေမယ့် အချိုရည်တွေကိုတော့ ရှောင်ဖို့လိုတယ်နော်။ အချိုများတာက ကိုယ်အလေးချိန်တက်စေလို့ ကိုယ်ဝန်ဆောင်ချိန်တက်လာတဲ့ဝိတ်ကို ပြန်ချဖို့ခက်ခဲလိမ့်မယ်နော်။ ကဖိန်းဓာတ်များတာကလည်း ဒုက္ခပေးတတ်သေးတယ်။ ကဖိန်း ပါတဲ့ဖျော်ရည်တွေကို တစ်နေ့ ၂ခွက် ထက် ပိုမသောက်ပါနဲ့။ ပြီးတော့ နို့ရည်မှာပါလာတဲ့ကဖိန်းဓာတ်က ကလေးကိုနိုးနိုးကြားကြားဖြစ်ေနစေလို့ ကလေးကိုသိပ်မရဖြစ်နေလိမ့်မယ်။
သက်သက်လွတ်သမားနဲ့နို့တိုက်ခြင်း
သက်သက်လွတ်သမားတွေအနေနဲ့လည်း အာဟာရဓာတ်တွေ ပြည့်ဝအောင်စားသောက်ဖို့ အရေးကြီးတယ်။
♦ သံဓာတ်၊ ပရိုတင်း၊ ကယ်လ်ဆီယမ်များတဲ့ အစားအသောက်တွေကိုရွေးပါ။ သံဓာတ်များတဲ့အစားအသောက်တွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ သံဓာတ်ဖြည့်Cerealမနက်စာ၊ မပြုပြင်ထားတဲ့ဂျုံနှံပြောင်းတွေ၊ အစိမ်းရင့်ရောင်အသီးအရွက်တွေ၊ အသီးခြောက်တွေ စားပေးသင့်တယ်နော်။ သံဓာတ်စုပ်ယူမှုကောင်းအောင် ဗီတာမင်စီကြွယ်ဝတဲ့ အချဉ်သီးတွေနဲ့ တွဲစားပေးရင် ပိုကောင်းပါတယ်။
ပရိုတင်းအသားဓာတ်အတွက်ကတေ့ာ ဥတွေ၊ နု့ိထွက်ပစ္စည်းတွေ၊ ပဲအမျိုးမျိုး၊ အစေ့အဆံတွေနဲ့ မပြုပြင်ထားတဲ့ဂျုံနှံပြောင်းတွေ စားပေးပါ။ ကယ်ဆီယမ်ကတော့ နို့ထွက်ပစ္စည်းတွေနဲ့ အစိမ်းရင့်ရောင်အသီးအရွက်တွေမှာ ပါတယ်။ နောက် ကယ်ဆီယမ်ထပ်ဖြည့်ထားတဲ့ အချိုရည်တွေ၊ မနက်စာcerealတွေ၊ ပဲနို့၊ ပဲဒိန်ချဉ်နဲ့ တိုဖူးတွေစားပေးလို့လည်း ရတယ်။
♦ ဖြည့်စွက်အားဆေးတွေသောက်ပေးပါ။ များသောအားဖြင့်တော့ အသားမှာပဲ အဓိကတွေ့ရတဲ့ ဗီတာမင်B12အားဆေးသောက်ဖို့လိုတယ်။ ဗီတာမင်B12ဟာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတယ်နော်။ ဒါ့အပြင် အိုမီဂါ 3 အဆီဓာတ်အားဆေးလည်း သောက်ဖို့လိုတတ်တယ်။
နွားနို့လိုမျိုး ဗီတာမင်ဒီကြွယ်ဝတဲ့ အစားအသောက်တွေမစားသူတွေ၊ နေရောင်ခံတာနည်းသူတွေမှာ ဗီတာမင်ဒီအားဆေးသောက်ဖို့လိုနိုင်တယ်။ ကလေးမှာကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်တွေ စုပ်ယူနိုင်ဖို့ ဗီတာမင်ဒီက အရေးပါတယ်။ ဗီတာမင်ဒီနည်းရင် အရိုးပျော့ရောဂါ ဖြစ်တတ်ပါတယ်။
မေမေစားတဲ့အစားအသောက်က ကလေးကို ပိုဂျီစေပြီး ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်သလား?
ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကဂျီကဂျောင်ဖြစ်လာတယ်၊ အနီကွက်တွေထလာတယ်၊ ဝမ်းပျက်ဝမ်းလျော၊ ဖောရောင်တာမျိုးတွေ ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုတယ်နော်။
တကယ်လို့ စားလိုက်မိတဲ့အစားအသောက်တစ်ခုခုကြောင့် ကလေးပြောင်းလဲတယ်လို့ထင်ရင် တစ်ပတ်လောက် ရှောင်ကြည့်လိုက်ပါ။ နွားနို့၊ မြေပဲ၊ ပဲ၊ Wheatဂျုံ၊ ဥ၊ ပြောင်းတွေ နည်းနည်းရှောင်ပေးပါ။ တစ်ချို့မေမေတွေက အပူအစပ်နဲ့ လေပွတတ်တဲ့ ကြက်သွန်၊ ဂေါ်ဖီတွေကို ရှောင်သင့်တယ်လို့ပြောကြပေမယ့် စမ်းသပ်မှုတွေအရ ဘာမှတော့ထူးထူးခြားခြားမတွေ့ရဘူးလု့ိဆိုကြတယ်။
အသေအချာသိချင်တယ်ဆိုရင် စားတဲ့အစားအသောက်တွေကို ရေးမှတ်ထားပါ။ စားသမျှသောက်သမျှတွေနဲ့ ဘေးမှာ ကလေးဘယ်လိုနေတယ်ဆိုတာပါ မှတ်ပေးရင်ပိုကောင်းတယ်။
အကောင်းဆုံးကတော့ ကျန်းမာရေးနဲ့ညီညွတ်တာမှန်သမျှကိုစားပေးရင် ကလေးအတွက်ရောအမေအတွက်ပါ အကျိုးရှိမှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)
















