ကလေးများနှင့် သံဓာတ်၏အရေးပါပုံ
သံဓာတ်ဟာ ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့သတ္တုဓာတ်တစ်မျိုးပါ။ ကိုယ်ခန္ဓာအနှံ့ကို အောက်ဆီဂျင်တွေ သယ်ယူပို့ဆောင်ပေးတဲ့ ဟေမိုဂလိုဘင်လို့ခေါ်တဲ့ သွေးနီဥအစိတ်အပိုင်းထုတ်လုပ်ရာမှာ သံဓာတ်ကို လိုအပ်ပါတယ်။ သံဓာတ်မလုံလောက်တဲ့အခါ သွေးနီဥတွေ ကောင်းကောင်းမတည်ဆောက်နိုင်တာကြောင့် ကိုယ်ခန္ဓာက လိုအပ်တဲ့အောက်စီဂျင်ကို ကောင်းကောင်းမရရှိနိုင်တော့ပါဘူး။
ကလေးရဲ့အစားအသောက်မှာ သံဓာတ်မလုံလောက်တဲ့အခါ သွေးအားနည်းခြင်းဆိုတဲ့ အခြေအနေတစ်ခု ဖြစ်လာပါတယ်။ ဒီလိုသံဓာတ်ချို့တဲ့မှုကို သေချာမကုသဘူးဆိုရင် ကလေးမှာ ကိုယ်ခန္ဓာရော စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးမှုနှောင့်နှေးတာတွေ ဖြစ်လာနိုင်ပါတယ်။
Feroglobin IA 1

>> ကလေးတွေအတွက် သံဓာတ်လိုအပ်ချက်
အသက် ၄-၈ နှစ်အတွင်း ကလေးတွေဟာ တစ်ရက်ကို သံဓာတ် ၁၀ မီလီဂရမ် လိုအပ်ပြီး အသက် ၉-၁၃ နှစ်အတွင်း ကလေးတွေအတွက် တစ်ရက်ကို သံဓာတ် ၈ မီလီဂရမ်လိုအပ်ပါတယ်။ လူပျိုဖော်ဝင်ယောကျ်ားလေးတွေအတွက် တစ်ရက်ကို သံဓာတ် ၁၁ မီလီဂရမ် လိုအပ်ပြီး အပျိုဖော်ဝင်မိန်းကလေးတွေအတွက် တစ်ရက်ကို သံဓာတ် ၁၅ မီလီဂရမ် လိုအပ်ပါတယ်။
သံဓာတ်ချို့တဲ့တဲ့အခါ နုံးခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ ရင်တုန်ခြင်း၊ ဂျီကျခြင်း၊ အစားအသောက်ပျက်ခြင်း၊ မူးဝေခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း၊ လျှာရောင်ရမ်းခြင်း၊ ပိုးဝင်လွယ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
Feroglobin IA 2

သံဓာတ် လုံလောက်စွာရရှိစေဖို့ ဝက်သား၊ အမဲသားစတဲ့ အနီရောင်အသားတွေ၊ ကြက်၊ ဘဲ၊ တူနာ၊ ဆယ်လ်မွန်၊ ဥအမျိုးမျိုး၊ တိုဖူး၊ ပဲပြား၊ ပဲအမျိုးမျိုး၊ အသီးခြောက်များ၊ အစိမ်းရင့်ရောင်အသီးအရွက်များနဲ့ သံဓာတ်ဖြည့်စွက်ထားတဲ့ မနက်စာ cereal စတာတွေကို ကလေးကို ကျွေးပေးပါ။ ကလေးမှာ သံဓာတ်ဖြည့်စွက်အားဆေးတွေ သောက်ဖို့ လို၊ မလိုကိုတော့ ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















