ကြီးကောင်ဝင်စအရွယ်မှာ ဒါတွေကို မနက်စာအဖြစ်စားမှ တကယ်ကျန်းမာမယ်နော်
အသက် ၁၅၊ ၁၆ ကြီးကောင်ဝင်စ အိမ်က ကိုးတန်း၊ ဆယ်တန်း သားသမီးတွေအတွက် အာဟာရပြည့်ဝကျန်းမာတဲ့ မနက်စာကို သေချာဖန်တီး ကျွေးမွေးခြင်းဖြင့် ...
• ပင်ပန်းဒဏ် ခံနိုင်ရည် ရှိလာမယ်။
• အာရုံစူးစိုက်အား ကောင်းလာမယ်။
• စိတ်ရှည်လာမယ်။
• စာကျက်အား ပိုကောင်းလာမယ်။
** မြေပဲထောပတ်နဲ့ ပေါင်မုန့်၊ သို့မဟုတ် ထမင်းဆီဆမ်းနဲ့ ပဲပြုတ်၊ အစာပိတ်အနေနဲ့ ငှက်ပျောသီးတစ်လုံး စားလိုက်တာက အလွန်ကောင်းတဲ့ မနက်စာပါတဲ့။ ကိုယ်ခံအားကို သိသိသာသာ တက်စေပါတယ်။
ကိုယ်တွင်း အဆိပ်အတောက်တွေ ပြေစေပါတယ်။
ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးပြီး ဆဲလ်အသစ်တွေ တိုးပွားစေပါတယ်။
** ဆန်ပြုတ်ကို လူမမာစော်နံတယ်ဆိုပြီး အထင်မသေးလိုက်ပါနဲ့။ အာဟာရပြည့်ဝတဲ့ ဆန်ပြုတ်မှာ ငါး၊ ကြက်သား၊ ဝက်သား၊ အသီးအရွက်၊ အရသာရှိအောင် ငရုတ်ကောင်း အနည်းငယ် ပါဝင်ပါတယ်။
ပန်းမုန်လာ၊ မုန်လာဥနီ၊ ခေါက်ဆွဲ၊ အမဲသား၊ ပဲတောင့်ရှည်လေးတွေ ထည့်လိုက်တဲ့အခါ ပိုမိုလေးပင် အရသာရှိတဲ့အပြင် အာဟာရလည်း ဖြစ်စေပြီပေါ့။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဓိကအရာက အချိုမှုန့်မလိုဘဲ အသားဓာတ်ကြောင့် ချိုမြလေးပင်တဲ့ အရသာရရှိတာရယ်၊ ဟင်းရည်ထဲကို ထည့်မယ့် လတ်လတ်ဆတ်ဆတ် အသီးအနှံတွေကို ချက်ချင်း ဆယ်ယူစားရတဲ့အတွက် ဗီတာမင်အပြည့်အဝနဲ့ အမျှင်ဓာတ်ပါ တစ်ပါတည်း ရရှိစေတာတွေ ဖြစ်ပါတယ်။
** နို့ဆန်ပြုတ်ပူပူလေးထဲကို သစ်သီးဝလံလေးတွေ စိတ်ထည့်ပြီး အရသာရှိအောင် ပြုပြင်လို့ ရပါသေးတယ်နော်။
ထည့်သင့်တဲ့ သစ်သီးတွေက -
1. ကန်ဇွန်းဥ
2. ရွှေဖရုံသီး
3. မုန်လာဥနီတို့ ဖြစ်ပါတယ်။
** မြေပဲယို၊ နှမ်းယိုမှာ တစ်နေ့တာအတွက် လိုအပ်တဲ့ အချိုဓာတ် ဗီတာမင်တွေအပြင် ဉာဏ်ကောင်းစေတဲ့ဓာတ်တွေ ပါဝင်တာကြောင့် အချိုပွဲအနေနဲ့ မနက်စာမှာ ထည့်သွင်းစားသုံးသင့်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















