/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တစ်နေ့တာကို-အားအင်အပြည့်နဲ့-ဖြတ်သန်းနိုင်အောင်-ဘာတွေလုပ်ကြမလဲ

တစ်နေ့တာကို အားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်အောင် ဘာတွေလုပ်ကြမလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဒီကနေ့ တစ်နေ့တာကို ဖြတ်သန်းဖို့အတွက် မနက်အစောတည်းက အားအင်ကုန်ခမ်းနေပြီလား။ ဒါဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းကောင်းလေးတွေနဲ့ မိမိတို့ရဲ့အားအင်ကို မြှင့်တင်လိုက်ကြရအောင်နော်။

 

၁။ မနက်စာ စားပါ။

ဆီတိုင်ကီထဲ ဆီမရှိဘဲ ကားမမောင်းသင့်သလို မနက်စာ မစားဘဲနဲ့ အလုပ်မလုပ်သင့်ပါဘူး။ သုတေသနတွေအရ အာဟာရပြည့်ဝတဲ့မနက်စာကို စားသူတွေဟာ မစားသူတွေထက်စာရင် အလုပ်တွေကို ပိုမိုကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါတယ်။

 

၂။ လှုပ်ရှားပါ။

တစ်နေကုန် အလုပ်စားပွဲ၊ စာကြည့်စားပွဲမှာပဲ ထိုင်မနေဘဲနဲ့ အချိန်ရရင်ရသလို ခဏလေး မတ်တပ်ရပ်ပြီး ဟိုနားဒီနား လမ်းလျှောက်ကြည့်ပါ။ လမ်းလျှောက်ဖို့မလွယ်ရင် ခြေထောက်အကြောလျှော့တာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။

 

၃။ ကစီဓာတ်ကို ရွေးချယ်စားသောက်ပါ။

ပေါင်မုန့်ဖြူ၊ ကိတ်မုန့်၊ သကြားတို့လိုမျိုး simple carbohydrate အစား ဆန်လုံးညို၊ အုတ်ဂျုံ အစရှိတဲ့ complex carbohydrate တို့ကို ရွေးချယ်စားသောက်ပေးပါ။

Ultra B 2025 IA 1

၄။ ပရိုတင်းသီးသန့် စားသောက်ပါ။

အခွံမာသီးတွေ၊ ပဲအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုးတို့ကလည်း အားအင်ပြည့်ဝစေဖို့ ကူညီပေးနိုင်ပါတယ်။

 

၅။ ရေများများသောက်ပါ။

မဆိုစလောက်လေး ရေဓာတ်ဆုံးရှုံးရင်တောင် မောပန်းနွမ်းနယ်စေတာကြောင့် ရေဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ ရေများများသောက်တတ်အောင် လေ့ကျင့်ပေးပါ။

 

၆။ ကဖင်းလျှော့သောက်ပါ။

ကော်ဖီ၊ လက်ဖက်ရည်တို့ကို အလွန်အကျွံမသောက်သင့်သလို ညနေစောင်းပိုင်းမှ သောက်သုံးခြင်းကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

Ultra B 2025 IA 2

၇။ အစာကို ပမာဏနည်းနည်းနဲ့ မကြာခဏ စားပေးပါ။

 

၈။ အရက်အလွန်အကျွံ မသောက်ပါနဲ့။

 

၉။ စိတ်ဖိစီးမှု လျှော့ချပါ။

 

၁၀။ အိပ်ရေးဝဝ အိပ်စက်ပါ။

ညဘက်ကို (၇) နာရီပြည့်အောင် အိပ်စက်ပါ။ နေ့ဘက်မှာ အရမ်းပင်ပန်းတယ်ဆိုရင် (၁၅-၂၀) မိနစ်လောက် တရေးတမော အိပ်စက်အနားယူပါ။

 

ဖော်ပြပေးခဲ့တဲ့ နေထိုင်စားသောက်မှုပုံစံတွေဟာ မိမိတို့ရဲ့အားအင်ကို သဘာဝအတိုင်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကျန်းမာတဲ့နေထိုင်စားသောက်မှုပုံစံရအောင် ပြောင်းလဲလိုက်ကြရအောင်နော်။

 

www.drmyanmar.com