ကြွက်တက်ခြင်းကင်းေ၀းစေရေး အိမ်တွင်းကုထုံးနှင့်ကုသပေး
ကြွက်တက်ခြင်းဆိုတာ ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် ခံစားရခက်သောနာကျင်မှုကို ဖြစ်စေနိုင်ပါ တယ်။ ကြွက်တက်ခြင်းကို ခြေသလုံးကြွက်သား၊ ပေါင်အရှေ့ဘက်ပိုင်း (သို့) အနောက်ဘက်ပိုင်းတို့တွင် ခံစားရလေ့ရှိပြီး အထူးသဖြင့်ခြေသလုံးမှာ ကြွက်တက်ခြင်းအများဆုံးဖြစ်တတ်ပါတယ်။
ဘာကြောင့်ကြွက်တက်တာလဲ
1. သွေးတွင်းပိုတက်ဆီယမ် (သို့) ကယ်လဆီယမ် (သို့) အခြားသတ္တုဓာတ်များချို့တဲ့ခြင်း
2. ကြွက်သားများကို အလွန်အမင်းအသုံးပြုထားခြင်း (ဥပမာ-ပြင်းထန်သောလေ့ကျင့်ခန်းများလုပ်ခြင်း)၊ ကြွက်သားတွင် ဒဏ်ရာရထားခြင်း
3. ရာသီဥတုအေးလွန်းခြင်း၊ အေးခဲနေသောရေအတွင်းစိမ်ခြင်း
4. သွေးကြောဆိုင်ရာရောဂါ၊ ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါရှိခြင်း
5. အချိန်ကြာမြင့်စွာမတ်တပ်ရပ်ခြင်း (သို့) ထိုင်ခြင်း
6. ရေဓာတ်ဆုံးရှုံးခြင်း (ဥပမာ-၀မ်းလျှောပြီးရေဓာတ်ဆုံးရှုံးမှုများခြင်း)
7. ဆီးဆေး၊ သွေးတွင်းအဆီကျဆေး၊ စတီးရွိုက်ပါ၀င်သောဆေးဝါးများ၊ သနေ္ဓတားဆေးများ၊ စိတ်ရောဂါကုဆေးများမှီ၀ဲခြင်း
ကြွက်တက်ခြင်းအတွက် အိမ်တွင်းကုထုံး
1. ပိုတက်ဆီယမ်ကြွယ်၀သောအစားအစာစားပါ။
ကြွက်သားအကျုံ့အဆန့်အတွက် ပိုတက်ဆီယမ်ဓာတ်ကအရေးအကြီးဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်း ပိုတက်ဆီယမ်ဓာတ်လျော့နည်းပါက ကြွက်တက်ခြင်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ဓာတ်ကြွယ်၀တဲ့ ငှက်ပျောသီး၊ ကန်စွန်းဥ၊ ထောပတ်သီး၊ ဒိန်ချဉ် စတာတွေကိုနေ့စဉ်စားသုံးပါ။
2. ပန်းသီးဗီနီဂါ (Apple Cider Vinegar)
ရေနွေး တစ်ဖန်ခွက် (250 ml) ထဲကို Supermarket တွေကနေ အလွယ်တကူ၀ယ်ယူနိုင်တဲ့ Apple Cider Vinergar တစ်ဇွန်းနဲ့ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းရောပြီး သောက်ပေးရင်လည်း ကြွက်တက်တာကို သက်သာစေပါတယ်။
3. နှိပ်နယ်ပါ။
ကြွက်တက်လာရင် ဖြစ်နေတဲ့နေရာကိုလက်သီးဖြင့် ဆုပ်နယ်ခြင်း ဒါမှမဟုတ် လက်မဖြင့်ဖိနှိပ်ခြင်းတို့ဖြင့် ဆက်တိုက်ဖိအားပေးပါ။
4. အညောင်းဆန့်ပါ။
ပေါင်မှာ ကြွက်တက်နေပါက လမ်းလျှောက်ပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပြီး ခြေသလုံးကြွက်သား တွင် ကြွက်တက်နေပါက ခြေထောက်ကိုအပေါ်ဘက်သို့ဆွဲယူ မြှင့်တင်ပေးခြင်းဖြင့်သော်လည်းကောင်း၊ ကြမ်းပြင်တွင် ခြေဖနောင့်ကိုထောက်ကန်ထားပြီး ခြေဖဝါးကို အပေါ်ဘက်သို့ ထောင်မတ်ပေးခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
5. ရေနွေးဖြင့်ရေချိုးပါ။
ရေနွေးဖြင့်ရေချိုးခြင်းကြောင့် ကြွက်သားများပြေလျော့စေပြီး ကြွက်ခဏခဏတက်ခြင်းကို သက်သာစေနိုင်ပါတယ်။
CMS













