/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းကိုက်တဲ့အခါ-ကိုယ်ခန္ဓာမှာ-ဘယ်လိုပြောင်းလဲမှုတွေ

ခေါင်းကိုက်တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခေါင်းကိုက်တာဟာ လူတိုင်းလိုလို ကြုံဖူးကြတဲ့ ပြဿနာပါ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုခံစားရလေ့ရှိပါတယ်။ ခေါင်းကိုက်နေချိန်မှာ ကိုယ်ခန္ဓာကနေ ဘယ်လိုပြောင်းလဲမှုမျိုး ဖြစ်နေသလဲဆိုတာကို သိထားခြင်းဟာ ခေါင်းကိုက်တာကို ရင်ဆိုင်ဖြတ်ကျော်နိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ Tension Headache ဆိုရင် ဦးခေါင်းနှစ်ခြမ်းလုံးမှာ အပျော့စား (သို့) အတန်အသင့် နာကျင်မှုကို ခံစားရလေ့ရှိပါတယ်။

ခေါင်းတစ်ခြမ်းကိုက်တာဆိုရင် နာကျင်မှုဟာ ပိုပြင်းထန်လေ့ရှိပြီး အထူးသဖြင့် ဦးခေါင်းတစ်ခြမ်းမှာပဲ ဖြစ်လေ့ရှိသလို ဖော်ပြပေးမယ့် ပြောင်းလဲမှုတွေကိုလည်း ခံစားရနိုင်ပါတယ်။

Biogesic Adult IA 1

ဦးနှောက်
ဦးနှောက်အညှာမှာရှိတဲ့ နာကျင်မှုကိုသိတဲ့နေရာကို လှုံ့ဆော်ပေးတာကြောင့် ဦးနှောက်ကို အချွန်တစ်ခုခုနဲ့ထိုးနေသလိုမျိုး ခံစားရနိုင်ပါတယ်။

အာရုံကြောအဖွဲ့အစည်း
ကောင်းကောင်း မတွေးခေါ်နိုင်ခြင်း၊ ကောင်းကောင်း မလှုပ်ရှားနိုင်ခြင်းတို့ကို ဖြစ်စေပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်း
လတ်တလော စားသောက်လိုက်တဲ့ အစားအသောက်တွေကို ကောင်းကောင်းမချေဖျက်နိုင်လို့ ပျို့တာ၊ အန်တာတွေ ဖြစ်လာနိုင်သလို အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာ ရှိပြီးသားအစာတွေကြောင့်လည်း ဝမ်းလျှောတာ ဖြစ်နိုင်ပါတယ်။

အာရုံခံစားမှု
ခေါင်းတစ်ခြမ်းကိုက်နေချိန်မှာ ပုံမှန်လှုံဆော်မှုလေးတစ်ခုကတောင် ကိုယ့်အတွက်တော့ ခြောက်လန့်မှုတစ်ခုလို ဖြစ်နိုင်ပါတယ်။ နေရောင်ခြည်ဆိုလည်း အရမ်းစူးရှလွန်းတာ၊ ဖုန်းလာတဲ့အသံကလည်း ဆူညံလွန်းတာ၊ ကိုယ်သုံးနေကျရေမွှေးနံ့တောင် အနံ့မခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။

ဟော်မုန်းထုတ်ပေးခြင်း
စိတ်ဖိစီးမှုဟော်မုန်းတွေဖြစ်တဲ့ အဒရီနယ်လင် နဲ့ ကော်တီစော ဟော်မုန်းတွေကြောင့် နှလုံးခုန်မြန်တာ၊ မျက်လုံးသူငယ်အိမ်ကျယ်တာ၊ ချွေးထွက်တာတွေကို ဖြစ်စေပါတယ်။

Biogesic Adult IA 2

မိမိတို့အနေနဲ့ မကြာခဏခေါင်းကိုက်လေ့ရှိရင် အခုဖော်ပြမယ့် အချက်တစ်ချက်ကို သေချာမှတ်သားပေးပါ။ နာကျင်မှုဟာ အချိန်ကြာလာတဲ့အခါ သက်သာအောင်လုပ်ဖို့ ခက်ခဲနိုင်တာကြောင့် စပြီးခေါင်းကိုက်တာနဲ့ ချင်ချင်းကုသမှုခံယူဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်တာဆိုရင် ပိုပြီးအရေးကြီးပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါ ပါရာစီတမောပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဆေးညွှန်းအတိုင်း သောက်သုံးပေးသင့်ပါတယ်။

နေ့စဉ်ဘဝမှာ ခေါင်းကိုက်တာကြောင့် အနှောင့်အယှက်မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့အတွက် စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ စိတ်အပန်းပြေစေမယ့် နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။

နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲမယ်၊ ဆေးဝါးတွေကိုလည်း မှီဝဲပေးမယ်ဆိုရင် ခေါင်းကိုက်ခြင်းကြောင့် ခံစားရတဲ့ နာကျင်မှုဝေဒနာကို အလျင်အမြန် သက်သာစေပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)