/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခွေးမွေးတာ-အသက်ရှည်စေတယ်တဲ့လား

ခွေးမွေးတာ အသက်ရှည်စေတယ်တဲ့လား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ခွေးချစ်သူတွေအတွက်တော့ သတင်းကောင်းပဲနော်။ ဆွီဒင်နိုင်ငံက လေ့လာချက်အရ ခွေးမရှိသူတွေထက်စာရင် ခွေးပိုင်ရှင်တွေဟာ စောစောစီးစီး သေနှုန်းပိုနည်းတယ်လို့ ပြောကြတယ်။

          အထူးသဖြင့် တစ်ကိုယ်တည်းနေသူ ခွေးပိုင်ရှင်တွေပေါ့။ တစ်ကိုယ်တည်း နေသူတွေချင်း ယှဉ်ရင်တောင် စောစောသေနှုန်း ၃၃% ၊ နှလုံးရောဂါနဲ့ သေနှုန်း ၁၁% ကျစေတယ်တဲ့။

          အရင်က လူအများနဲ့ နေသူတွေထက်ကို နှလုံးရောဂါနဲ့ စောစော သေနှုန်းများသူတွေမှာ ခွေးမွေးပြီးနောက် တော်တော် ကာကွယ်နိုင်လာတယ်လို့ တွေ့ရတယ်။

          အိမ်မွေးခွေးလေးတွေဟာ တစ်ကိုယ်တည်း နေသူတွေအတွက် အိမ်သားတစ်ယောက်လို ဖြစ်စေတယ်လို့ ယူဆရပါတယ်။

          ပြီးတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ တစ်ချက်က အမဲလိုက်ခွေးမျိုးဝင်တွေဖြစ်တဲ့ တယ်ရီယာ၊ ဘီဂယ်၊ စပန်နီယယ် ခွေးအမျိုးအစား မွေးထားသူတွေမှာ ပိုပြီးကာကွယ်နိုင်တယ်လို့ သိရပါတယ်။

          ဒါပေမဲ့ ကာကွယ်တယ်သာဆိုတာ ဘယ်လိုကြောင့် ကာကွယ်ပေးတယ် ဆိုတာကိုတော့ သေချာမသိရသေးဘူး။

          ခွေးမွေးထားသူတွေမှာတော့ ပုံမှန်ထက် ကိုယ်လက်လှုပ်ရှားမှု ပိုများတာကြောင့်လို့တော့ ယူဆလို့ရတယ်။

          ပြီးတော့ နောက်ထပ် ရှင်းပြထားတဲ့တစ်ချက်က ခွေးတွေရဲ့ လူတွေအပေါ် သက်ရောက်တဲ့ ပိုးမွှားပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်ပါတယ်။

          နဂိုကတည်းက ခွေးမွေးဖို့ ကြိုးစားသူတွေက ပိုပြီးလှုပ်လှုပ်ရှားရှား နေတတ်တာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)