စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုတွေကနေ ကင်းဝေးစေဖို့
အလုပ်မှာ စိတ်ညစ်စရာတွေနဲ့ကြုံ ၊ လမ်းမှာ စိတ်အနှောင့်အယှက်ဖြစ်ရ၊ အိမ်ပြန်ရောက်တော့လည်း အဆင်မပြေနဲ့ ဒီလို နေ့ရက်တွေ ကြုံဖူးကြပါသလား။
သူများတွေ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်နေတဲ့ ချစ်သူများနေ့မှာ အလုပ်ကြားထဲ ခေါင်းမြုပ် ရှုပ်နေတာ၊ အထီးကျန်နေတာတွေနဲ့ စိတ်ပင်ပန်းနေပါသလား။
ဒီလို စိတ်ဖိစီးမှု လက်ခံတဲ့စိတ်ကို ပြောင်းလဲပစ်ဖို့ ဆေးတွေ၊ နည်းလမ်းအမျိုးမျိုးတို့ကို လေ့လာကြည့်တဲ့အခါ BE FREE လို့ခေါ်တဲ့ နည်းလမ်းကို တွေ့မိပါတယ်။
♦ BreethE အသက်ရှူပါ : တစ်နေ့လုံး တောက်လျှောက်မှာ လုပ်နေကိုင်နေတာကို ခဏရပ်ပြီး အသက်ကို ဖြည်းဖြည်းချင်း ပြန်ရှူဖို့ အချိန်ပေးပါ။ နှစ်ကြိမ်၊ သုံးကြိမ်လောက် ဖြည်းဖြည်းနဲ့ပြင်းပြင်း အသက်ရှူပေးတာက ဦးနှောက်ကို ငြိမ်သက်သွားစေတယ်။ အထူးသဖြင့် စိတ်ဖိစီးမှု များနေတဲ့အချိန်မျိုးမှာပေါ့။
♦ Feel ခံစားပါ : ငြိမ်သက်သွားတာနဲ့ ကိုယ့်ရဲ့အတွင်းစိတ်ဖြစ်တဲ့ ကြောက်တာ၊ ဒေါသထွက်တာ၊ စိတ်တိုတာ၊ မနာလိုတာ၊ စသဖြင့် ကိုယ့်စိတ်မှာ ဖြစ်နေသမျှတွေကို အာရုံစူးစိုက်လိုက်ပါ။ ဒီစွမ်းအင်ကို ခံစားလိုက်ပါ။
♦ RElease လွှတ်ချလိုက်ပါ : နောက်ပြီးတော့ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို လွှတ်ထုတ်လိုက်ပါ။ ဒီစွမ်းအင်ကြီး ပျောက်သွားလိမ့်မယ်။ ဒီအချိန်မှာ နှလုံးခုန်တာ နှေးသွားတာ၊ စိတ်ပူပန်မှုကို ဖြစ်စေတဲ့ စိတ်ဖိစီး ဟော်မုန်းတွေ ငြိမ်ကျသွားတာကို ခံစားမိလိမ့်မယ်။
♦ Envision မြင်ယောင်ပါ : အသက်ကို ပြင်းပြင်းရှူနေရင်းနဲ့ ကိုယ် ဘယ်လိုခံစားချင်လဲ၊ ကိုယ် ဘာဖြစ်နေလဲ ဆိုတာကို ပြန်မေးပါ။ ကိုယ် လိုချင်တဲ့စွမ်းအင်တွေ စီးဝင်လာတာကို ခံစားရပါလိမ့်မယ်။
ကြိုးစားကြည့်ပြီးရင် ဒီနည်းလမ်း အလုပ်ဖြစ်၊ မဖြစ်ကို ပြန်ပြောပြဦးနော်။ နောက်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်နည်းလမ်းလေးတွေ ရှိရင်လည်း ပြန်လည်ဝေမျှပါဦး။
Dr. Mya Phoo Ngon (www.drmyanmar.com)
















