/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ငှက်ပျောသီးရဲ့-ကျန်းမာရေးကောင်းကျိုးများ

ငှက်ပျောသီးရဲ့ ကျန်းမာရေးကောင်းကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ငှက်ပျောသီးတွေ မှည့်လာတာနဲ့အမျှ အရသာကလည်း ပိုပြီးချိုလာတတ်ကြပါတယ်။ ယင်းသို့ဖြစ်ရခြင်းမှာ ငှက်ပျောသီးတွင်ပါ၀င်သော အင်ဇိုင်းများဟာ ကစီဓာတ်တွေကို ဖြိုခွဲလိုက်ပြီး သကြားအဖြစ်သို့ ပြောင်းလဲပေးလိုက်တာကြောင့် ဖြစ်ပါတယ်။ ငှက်ပျော်သီးမှည့်လာလေ ခန္ဓာကိုယ်က အစာချေဖျက်ပေးနိုင်မှုအား ပိုကောင်းလေဖြစ်ပါတယ်။

        ဂျပန်နိုင်ငံမှ သုတေသီများက ငှက်ပျောသီးမှည့်တစ်လုံးမှာ အင်တီအောက်ဆီးဒင့်နဲ့ ကင်ဆာဟန့်တားစေနိုင်တဲ့ ဓာတ်တွေပါ၀င်ကြောင်းဆိုထားပြီး ငှက်ပျောခွံပေါ်မှာ အမည်းကြောင်းများ ပါရှိနေတဲ့ မှည့်၀င်းနေသော ငှက်ပျောသီးများတွင် မူမမှန်ဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ငှက်ပျောခွံအဝါရောင် ပြောင်းလာတဲ့ ငှက်ပျောသီးတွေဟာ ငှက်ပျောခွံအစိမ်းရောင် စိုစိုလွင်လွင်ငှက်ပျောသီးတွေထက် ကိုယ်ခံစွမ်းအား ပိုမိုမြှင့်တင်ပေးနိုင်စွမ်း ရှိတယ်လို့လည်း ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် မှည့်၀င်းနေတဲ့ ငှက်ပျောသီးတွေကိုသာ ရွေးချယ်စားသုံးသင့်ပြီး အမျိုးအစား (2) ဆီးချိုရောဂါသည်တွေ အနေနဲ့တော့ သွေးတွင်းသကြားဓာတ် စုပ်ယူမှုလျော့ကျစေဖို့ မမှည့်တမှည့် ငှက်ပျောသီးများကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်ဟု အကြံပြုထားပါတယ်။

 

Mg Hlaing Thwin (www.drmyanmar.com)