ညမှာ နာတဲ့ဗိုက်
ညဘက်တွေမှာ ဗိုက်အောင့်ပြီး အိပ်ရာကနေ နိုးနိုးလာတတ်တာဟာ ဘာကြောင့်လဲ?
ဘာကြောင့်ဖြစ်ရသလဲ ဆိုတာကို သိနိုင်ဖို့အတွက် ဗိုက်အောင့်စေတတ်တဲ့ အကြောင်းရင်းတွေကို သိထားဖို့ လိုပါတယ်။
1. လေထခြင်း
လေထတာဟာ လူတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတစ်ခုဖြစ်ပြီး ရင်ညွန့်က စူးခနဲ စူးခနဲ ထိုးတတ်ပါတယ်။
2. Irritable Bowel Syndrome လု့ိခေါ်တဲ့ အူတုန့်ပြန်လွန်ရောဂါ
ရံဖန်ရံခါ ဗိုက်အောင့်တတ်တဲ့အပြင်
● လေပွခြင်း
● လေထခြင်း
● ဝမ်းလျှောခြင်း
● ဝမ်းချုပ်ခြင်း တို့ ဖြစ်တတ်ပါတယ်။
Kremil-S 1
3. အစာအိမ်အနာ
အစာအိမ်အနာဟာ အစာအိမ်ထဲ အစာပြည့်နေချိန်နဲ့ အစာအိမ်အက်ဆစ် များနေချိန်တွေမှာ နာတတ်ပါတယ်။ ဒါကြောင့် အစာစားချိန်နဲ့ ညဘက်တွေမှာ နာတတ်ပါတယ်။
4. အူမြွာရောင်ခြင်း
အူနံရံကနေ တိုးထွက်လာတဲ့ အူမြွာတွေ ရောင်တဲ့အခါ ဗိုက်အောင့်စေတဲ့အပြင်
● ပျို့ခြင်း
● ဖျားခြင်း
● ဗိုက်နာခြင်း
● ဝမ်းအပြောငး်အလဲဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
5. ရင်ပူခြင်း
အစာအိမ်ထဲက အက်ဆစ်တွေ အစာပြွန်ထဲ ဝင်လာတဲ့အခါ ရင်ပူတတ်ပါတယ်။ အထူးသဖြင့် အများကြီး စားမိသောက်မိတဲ့အခါ၊ စားပြီးပြီးချင်း လှဲအိပ်လိုက်တဲအခါ၊ စပ်လွန်း၊ ချဉ်လွန်းတဲ့ အစားအသောက်တွေ စားမိတဲ့အခါမျိုးတွေမှာ ရင်ပူတတ်ပြီး ကြာလာရင် အစာပြွန်ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း၊ သွေးထွက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
Kremil-S 2
6. သည်းခြေကျောက်
သည်းခြေလမ်းကြောင်းမှာ ကျောက်ပိတ်တဲ့အခါ အစာ အများကြီး စားပြီးချိန်တွေ၊ အဆီအဆိမ့် စားပြီးချိန်တွေ ဗိုက်အောင့်တတ်ပါတယ်။
7. ညဘက်မှာ ရုတ်တရက် ဗိုက်အောင့်လာခြင်း
ရုတ်တရက် ဗိုက်အောင့်လာတတ်တဲ့ အဓိက အကြောင်းရင်း (၄) ချက်ကတော့ -
● ဆီးကျောက်
ဆီးလမ်းကြောင်းကို ဆီးကျောက်ပိတ်တဲ့အခါ ရုတ်တရက် ခါးထိုးအောင့်ပြီး ဗိုက်တစ်ပြင်လုံးကို ချက်ချင်း ပြန့်သွားတတ်ပါတယ်။
● ဗိုင်းရပ်စ်ပိုး အူရောင်ခြင်း
ဗိုက်အောင့်တဲ့အပြင် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားနာခြင်းတို့နဲ့ လာတတ်ပါတယ်။
● အစာအဆိပ်သင့်ခြင်း
စားပြီး နာရီပိုင်းအတွင်း ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
● နှလုံးပြဿနာ
ရှားပေမယ့် တစ်ခါတလေ နှလုံးပြဿနာ အထူးသဖြင့် နှလုံးသွေးကြောပိတ်ခြင်းကလည်း သူ့ရဲ့လက္ခဏာရပ်တွေဖြစ်တဲ့ လည်ပင်းနဲ့ ပါးရိုးနာခြင်း၊ ရင်တုန်ခြင်း၊ မောခြင်းတို့အပြင် ဗိုက်အောင့်ပြီး လာတတ်ပါတယ်။
>> ကုသနည်းလမ်းများ
အဓိကကအကြောင်းရင်းကို ရှာဖွေပြီး ကုသရမှာ ဖြစ်ပါတယ်။ ရင်ပူတာတွေ၊ လေထတာတွေကတော့ ဆေးအလွယ်တကူ ဝယ်သောက်လို့ရပေမယ့် တချို့အကြောင်းအရာတွေကိုတော့ ဆရာဝန်နဲ့ သေချာတိုင်ပင် ကုသရပါမယ်။
>> စာအုပ်နဲ့ ရေးမှတ်ထားပါ။
မကြာခဏ ဗိုက်အောင့်လို့ နိုးနိုးလာတတ်ရင် ဘာစားခဲ့တယ်၊ နေ့ခင်းဘက်မှာ ဘာတွေခံစားရတယ်၊ နိုးလာတဲ့အခါ ဘယ်လိုခံစားရတယ်ဆိုတာတွေကို သေချာပြန်ရေးမှတ်ထားပါ။
>> အလွယ်တကူ ဝယ်ယူနိုင်တဲ့ဆေးတွေ သောက်ကြည့်ပါ။
အစာအိမ် လေနိုင်ဆေးတွေ ဝယ်သောက်ကြည့်ပါ။ မသက်သာတော့မှ နောက်တစ်မျိုး စဉ်းစားရပါမယ်။
>> နေထိုင်မှုပုံစံကို ပြောင်းလဲပါ။
အက်ဆစ် ပြန်ဆန်တက်လို့ ရင်ပူတာမျိုးမှာ စားပုံသောက်ပုံ၊ ကိုယ်အလေးချိန်တွေကို သေချာဂရုစိုက် ပြင်ဆင်ပြီး စားပြီးပြီးချင်း လဲှအိပ်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။
>> ဆရာဝန်နဲ့ ပြသပါ။
ဒါတွေနဲ့မှ မသက်သာရင် အကြောင်းရင်းကို အမြန်ရှာဖွေကုသနိုင်ဖို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















