ဆီးချိုသွေးချိုရောဂါကြောင့် စိတ်ဓာတ်ကျခြင်းကို ခံစားရတဲ့အခါ …
လေ့လာချက်တွေအရ ဆီးချိုသွေးချိုရောဂါရှိသူ ၅၀% ခန့်ဟာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်မှုလွန်ကဲခြင်း အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ သွေးတွင်းအချိုဓာတ်ကို မထိန်းနိုင်တဲ့အခါ စိတ်ဓာတ်ကျလာသလို စိတ်ဓာတ်ကျလာတဲ့အခါ သွေးတွင်းအချိုဓာတ်ကို သေချာမစစ်ဆေးခြင်း၊ ဆေးပုံမှန်မသောက်ခြင်း၊ ကျန်းမာရေးနဲ့အညီ မစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့ကြောင့် ဆီးချိုသွေးချိုနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ပိုဆိုးလာပါတယ်။
Diabetone 1
ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှိသူများအနေနဲ့ မိမိတို့မှာ စိတ်ကျရောဂါ ဖြစ်နေပြီလို့ ခံစားရတယ်ဆိုရင် လိုအပ်တဲ့ကုသမှုတွေကို အမြန်ဆုံးခံယူကြဖို့ အရေးကြီးပါတယ်။
Diabetone 2
• နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ တိုင်ပင်ဆွေးနွေးပါ။
• တစ်ဦးတစ်ယောက်တည်းမနေဘဲ အများနဲ့ထိတွေ့ဆက်ဆံရတဲ့ လုပ်ငန်းဆောင်တာတွေမှာ ဝင်ရောက်ဆောင်ရွက်ပါ။
• ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
• ကိုယ်အလေးချိန် ထိန်းသိမ်းပါ။
• အရက်အလွန်အကျွံ မသောက်ပါနဲ့။
• သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေထံမှ အကူအညီနဲ့ အထောက်အပံ့ကို ရယူပါ။