အားအင်ပြန်လည်မြှင့်တင်ဖို့အတွက် နည်းလမ်းကောင်းများ
တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေမှ၊ ဘာမှမလုပ်နိုင်လောက်အောင် မောပန်းနွမ်းနယ်နေမှ အားအင်ကုန်ဆုံးတာ မဟုတ်ပါဘူး။ လုပ်လက်စအလုပ်မှာ အာရုံမစိုက်နိုင်တော့တာ၊ စိတ်မရှည်ဘဲ စိတ်ဆိုးစိတ်တိုလွယ်လာတာတွေကလည်း အားအင်ကုန်ခမ်းလာတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ ဒီလက္ခဏာတွေ မိမိတို့မှာဖြစ်လာတဲ့အခါ အားအင်ပြန်ဖြည့်ဖို့အတွက် ကျွမ်းကျင်သူတွေ အကြံပြုထားတဲ့ နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ပါတယ်။
Ultra B IA 1(Dec 2024)
• ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အလုံအလောက်ရရှိဖို့ အာဟာရစုံလင်အောင် စားသောက်ပါ။
• ကိုယ်လက်လှုပ်ရှားမှုကို နေ့စဥ်ပြုလုပ်ပေးပါ။ အချိန်မပေးနိုင်ရင်တောင် တစ်နေ့ ၁၀ မိနစ်ခန့် လမ်းလျှောက်ပေးပါ။
• အလုပ်လုပ်ရင်း အရမ်းပင်ပန်းလာတဲ့အခါ နာရီဝက်၊ တစ်နာရီလောက် တစ်ရေးတစ်မော အိပ်စက်အနားယူကြည့်ပါ။
• မနက်စာမလွတ်ပါစေနဲ့။
• စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါ။
• ရေကို များများသောက်ပြီး အရက်ကို လျှော့သောက်ပါ။
• အစေ့အဆံတွေကို များများစားပြီး အချိုကဲတဲ့ အစားအသောက်တွေကို ချင့်ချိန်စားသောက်ပါ။
Ultra B IA 2(Dec 2024)
နည်းလမ်းအားလုံးကို လိုက်မလုပ်နိုင်ရင်တောင် တစ်ခု၊ နှစ်ခုလောက်ပဲ လိုက်လုပ်ကြည့်ပါ။ နေ့ရက်တိုင်းကို အားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်အောင် အထောက်အကူဖြစ်စေပါလိမ့်မယ်နော်။