တစ်ရေးတစ်မော အိပ်ကြမယ်
နေ့လယ်နေ့ခင်း တစ်ရေးတစ်မော အိပ်ခြင်းဟာ အားအင်ပြည့်ဝစေနိုင်ပြီး တစ်နေ့တာရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို လန်းဆန်းတက်ကြွစွာ ဖြတ်သန်းစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုတစ်ရေးအိပ်ပြီး လန်းဆန်းစေဖို့ အချိန်ဘယ်လောက်ကြာ မှေးသလဲဆိုတာက အရေးပါလာပါတယ်။
♦ 10 မိနစ်ကနေ မိနစ် 20 ခန့်ထိ
နေ့လယ်နေ့ခင်းမှာ 10 မိနစ်၊ မိနစ် 20 ခန့် အနားယူမှေးစက်ခြင်းက ဖျတ်လတ်တက်ကြွစေပြီး လန်းလန်းဆန်းဆန်းနဲ့ အလုပ်ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ 10 မိနစ်၊ မိနစ် 20 လောက်မျှသာ အိပ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျေ်ာတဲ့ NREM အဆင့်ရဲ့ အစပိုင်းအဆင့်အထိ ရောက်စေနိုင်တဲ့အတွက် နိုးလာချိန်မှာ လန်းဆန်းစေနိုင်သလို အိပ်ချင်မူးတူး အိပ်ရေးမဝတဲ့ ခံစားချက်ကိုလည်း မရစေနိုင်ပါဘူး။
♦ မိနစ် 30 ခန့်
မိနစ် 30 လောက်ကြာတဲ့အထိ အိပ်ခြင်းက အိပ်မြဲအိပ်လိုစိတ်ကို ဖြစ်စေနိုင်တဲ့အတွက် နိုးလာချိန်မှာ မိနစ် 30 လောက်အထိ အိပ်ချင်မူးတူး ရီဝေဝေ ဖြစ်နေစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာက နိုးလာချိန်မှာ မလန်းမဆန်း ထိုင်းထိုင်းမှိုင်းမှိုင်း မဖြစ်စေရန် မိနစ် 30 လောက် အိပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















