/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးရောဂါ-အမျိုးသားနဲ့-အမျိုးသမီးတွေရဲ့-ကွာခြားမှု

နှလုံးရောဂါ : အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ကွာခြားမှု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အမိျုးသမီးတွေမှာ တစ်မူထူးခြားတဲ့ နှလုံးရောဂါလက္ခဏာတွေ ရှိနေပါတယ်။

          အမျိုးသမီးတွေမှာ နှလုံးဖောက်တဲ့အခါ လက္ခဏာတွေဟာ နှလုံးရောဂါနဲ့ မတူတာ၊ ပုံမှန်ပြသနေကျ လက္ခဏာတွေ မပြတာ စသည်ဖြင့် ပုံမှန်ထက် ပိုပြီးရောဂါရှာရ ခက်တတ်ပါတယ်။

          အမျိုးသား၊ အမျိုးသမီး အများစုမှာ ရင်ဘတ်အောင့်တာနဲ့ အဓိက လာတတ်ပေမယ့် တချို့အမျိုးသမီးတွေမှာ ရင်ဘတ်မအောင့်ဘဲ အစာမကြေတာ၊ အသက်ရှူကျပ်တာ၊ ခါးနာတာ စတဲ့ လက္ခဏာတွေနဲ့ လာတတ်ပါတယ်။

 

>>    အမျိုးသမီးတွေမှာ နှလုံးရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှာဖွေခြင်း

          အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ နှလုံးရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတွေဟာ တူတတ်ပေမယ့် အမျိုးသမီးတွေမှာ မတူထူးခြားတဲ့ အကြောင်းရင်းတွေ ရှိနေတတ်ပါတယ်။

          တွေ့နေကျ အကြောင်းရင်းတွေကတော့ -

●        အဝလွန်ခြင်း

●        ဆေးလိပ်သောက်ခြင်း

●        ဆီးချိုရောဂါ

●        သွေးတိုးရောဂါ

●        မိသားစုရာဇဝင်

●        Metabolic syndrome လို့ခေါ်တဲ့ သွေးတိုး၊ အဝလွန်ခြင်း၊ ဆီးချို၊ အဆီဓာတ်များခြင်း စတဲ့ ရောဂါစု

●        C reactive protein လို့ခေါ်တဲ့ ရောင်ရမ်းမှုပြ ပရိုတင်းဓာတ် တစ်မျိုးဟာလည်း နှလုံးရောဂါနဲ့ ဆက်နွယ်နေနိုင်ပါတယ်။

 

>>    အမျိုးသမီးတွေမှာသာ သီးသန့်တွေ့နိုင်တဲ့ လက္ခဏာတွေကတော့ -

●        သွေးမဆုံးမီ Testosterone လု့ိခေါ်တဲ့ အမျိုးသားဟော်မုန်းတစ်မျိုး များနေခြင်း

●        သွေးဆုံးစဉ် သွေးတိုးခြင်း

●        အမျိုးသမီးတွေမှာ ပိုအဖြစ်များတဲ့ သွေးလေးဖက်နာလို ခုခံအား ကမောက်ကမဖြစ်တဲ့ရောဂါများ

●        စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း

          ဒီအချက်တွေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေအနေနဲ့ မစဉ်းစားမိတဲ့အခါ နှလုံးရောဂါလို့ မထင်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

>>    ထိနး်ချုပ်လို့ ရနိုင်မယ့်အကြောင်းရင်းတွေကို ထိန်းချုပ်ခြင်း

          နှလုံးနဲ့ သွေးကြောပိတ်ရောဂါတွေကို ကာကွယ်နိုင်ဖို့ အရေးအကြီးဆုံးက အမျိုးသမီးတွေမှာ သတိမထားမိတတ်တဲ့ အကြောင်းရင်းတွေ၊ လက္ခဏာတွေကို သတိထားမိဖို့နဲ့ ဒီအချက်တွေကို လျှော့ချဖို့ နေ့စဉ်လုပ်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။

●        ဆေးလိပ်ဖြတ်ပါ။

●        အမျှင်ဓာတ် ကြွယ်ဝပြီး အဆီတွေ၊ ပြုပြင်ထားတဲ့ ဖြည့်စွက်ပစ္စည်းတွေနည်းတဲ့ အစာအသောက်တွေကိုသာ စားသုံးပါ။

●        နေ့တိုင်းနီးပါး လေ့ကျင်ခန်း ပြုလုပ်ပါ။

          လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် သွေးပေါင်ကျခြင်း၊ ဆီးချိုဖြစ်နှုန်း လျော့နည်းခြင်း၊ ကိုယ်အလေးချိန် ကျဆင်းစေခြင်းနဲ့ စိတ်ဖိစီးမှု လျော့နည်းစေတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

          တစ်ပတ်ကို အနည်းဆုံး 3 ကြိမ်၊ တစ်ကြိမ်ကို အနည်းဆုံး မိနစ် 30 ခန့် လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ တစ်ပတ်ကို 4 ကြိမ်ကနေ 6 ကြိမ် တစ်ကြိမ်ကို 45 မိနစ်နဲ့အထက် ပြုလုပ်ပေးနိုင်ပါက ပိုကောင်းပါတယ်။

          နှလုံးနဲ့ သွေးကြောပိတ်ရောဂါဖြစ်နှုန်းကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးတွင်းကိုလက်စထရောဓာတ်ကို အမြဲတမ်း တိုင်းတာနေသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)