/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပဲငံပြာရည်ရဲ့-ကျန်းမာရေးကောင်းကျိုး

ပဲငံပြာရည်ရဲ့ ကျန်းမာရေးကောင်းကျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပဲငံပြာရည်ဟာ ကျန်းမာရေးအတွက် အကျိုးရှိစေနိုင်ကြောင်း သိကြပေမယ့် လေ့လာစမ်းသပ်မှု အများအပြားလုပ်ဖို့ လိုအပ်ပါသေးတယ်။

          လုပ်ထားခဲ့သမျှ လေ့လာစမ်းသပ်မှုတွေအရ ပဲငံပြာရည်ရဲ့ ကျန်းမာရေး အကျိုးပြုပုံတွေကို အောက်ပါအတိုင်း တွေ့ရပါတယ်။

 

•        ဓာတ်မတည့်ခြင်းကို လျော့ကျစေနိုင်ပါတယ်။

          ရာသီလိုက် ဓာတ်မတည့်တတ်သူ 76 ယောက်ကို တစ်နေ့ ပဲငံပြာရည် 600 မီလီဂရမ် သို့မဟုတ် 60 စီစီ စားစေပြီး စမ်းသပ်ကြည့်ရာ ရောဂါသက်သာလာတာကို တွေ့ရပါတယ်။

 

•        အစာခြေခြင်းကို မြန်ဆန်စေနိုင်ပါတယ်။

          ပဲငံပြာရည်စွပ်ပြုတ်ဟာ အစာခြေရည် ပိုထွက်စေနိုင်တာကို တွေ့ရပါတယ်။ ထွက်တဲ့ပမာဏဟာ ကဖိန်းဓာတ်ကြောင့် ထွက်တာနဲ့ ညီမျှပါတယ်။ အစာခြေရည် ပိုထွက်တဲ့အတွက် အစာခြေခြင်းကို ပိုမိုမြန်ဆန်စေနိုင်ပါတယ်။

 

•        အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။

          ပဲငံပြာရည်မှာ ပါဝင်တဲ့ သကြားဓာတ်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘတ်တီးရီးယားပိုးမွှားတွေအတွက် ကောင်းမွန်ပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို အကျိုးပြုပါတယ်။

 

•        ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များ ပါဝင်ပါတယ်။

          ပဲငံပြာရည်အနောက်မှာ ကျန်းမာရေးအတွက် အရေးပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အများအပြား ပါဝင်ကြောင်း သိရပါတယ်။ လူတွေအတွက် အကျိုးပြု၊ မပြုဆိုတာ စမ်းသပ်မှု မပြုလုပ်ရသေးပေမယ့် လေ့လာမှုတစ်ခုမှာတော့ နှလုံးကို ကျန်းမာစေနိုင်တယ်လို့ ဆိုပါတယ်။

 

•        ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်ပါတယ်။

          စမး်သပ်မှုနှစ်ခုမှာ ကြွက်တွေကို ပဲငံပြာရည်မှာ ပါဝင်တဲ့ ကစီဓာတ်တစ်မျိုးကို ကျွေးကြည့်ရာ ကိုယ်ခံစွမ်းအား တက်လာတာကို တွေ့ရပါတယ်။

 

•        ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။

          ကြွက်တွေမှာ ပြုလုပ်တဲ့ လေ့လာစမ်းသပ်မှုတွေမှာ ပဲငံပြာရည်ဟာ ကင်ဆာအကြိတ်တွေ မဖြစ်အောင် တားဆီးနိုင်တဲ့ အစွမ်းရှိကြောင်း တွေ့ရပါတယ်။ လူတွေမှာရော ဒီအစွမ်းသတ္တိ ရှိ၊ မရှိကို လေ့လာမှုတွေ ထပ်လုပ်ဖို့ လိုအပ်ပါသေးတယ်။

 

•        သွေးပေါင်ကို ကျစေနိုင်ပါတယ်။

          ဆား ပါဝင်မှုနည်းတဲ့ Ganjang ခေါ် ကိုးရီးယား ပဲငံပြာရည်မျိုးဟာ ကြွက်တွေမှာ သွေးပေါင်ကျစေတာကို တွေ့ရပါတယ်။ လူတွေမှာ စမ်းသပ်မှု လုပ်ထားတာတော့ မရှိသေးပါဘူး။

Dr. Mya Phoo Ngon (www.drmyanmar.com)