ပြင်းထန်စွာ လေပွလေထခြင်းကို လျစ်လျူမရှုသင့်
1. ကိုယ်အလေးချိန် ကျဆင်းခြင်းဟာ ပြင်းပြင်းထန်ထန် လေပူထခြင်းရဲ့ အရေးကြီး သတိပေးလက္ခဏာတစ်ခု ဖြစ်ပါတယ်။ အစားလျှော့တာမျိုး၊ လေ့ကျင့်ခန်း ပြုလုပ်တာမျိုးကြောင့်မဟုတ်ဘဲ ခန္ဓာကိုယ် အလေးချိန်ရဲ့ 10% (သို့) ထို့ထက်ပို၍ ကျဆင်းလာပါက စိုးရိမ်စရာလို့ သတ်မှတ်လို့ရပါတယ်။ ကိုယ်အလေးချိန် ကျဆင်းခြင်းဟာ အကျိတ်တွေ အူကို ဖိထားခြင်းကြောင့် နည်းနည်းလေး စားပြီးတာနဲ့ ဗိုက်ပြည့်သလို ခံစားရတာ (သို့) အကျိတ်ကထွက်တဲ့ အရည်တွေက အစာစားချင်စိတ်ကို ချိုးနှိမ်ထားတာကြောင့် ဖြစ်ပါတယ်။
2. ရေဖျဉ်းဆွဲခြင်းဆိုတာ ၀မ်းဗိုက်ထဲမှာ ပုံမှန်မဟုတ်တဲ့ အရည်တွေ စုပုံလာခြင်းကို ဆိုလိုပါတယ်။ အကျိုးဆက်အနေနဲ့ လေပွခြင်း၊ ကိုယ်အလေးချိန် တိုးလာခြင်းနဲ့ ရုတ်တရက် ခါးတုတ်လာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ရေဖျဉ်းဆွဲခြင်းဟာ အများားဖြင့် အသည်းရောဂါကြောင့် ဖြစ်တတ်သော်လည်း 10% သော ကင်ဆာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရည်တွေ အများကြီး စုလာပါက ဗိုက်ကြီးသည်တစ်ယောက်လို အထင်ခံရနိုင် (သို့) ခံစားရနိုင်ပါတယ်။ လေထခြင်းနဲ့ အသားဝါခြင်းတို့ကို အတူတွဲတွေ့ရပါက ကင်ဆာဆဲလ်တွေဟာ အသည်းကို ပျံ့နှံ့နေပြီလို့ ပြောနိုင်သလို သာမန်အသည်းရောင်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။
Kremil-S 1
3. ရုတ်တရက် အပြင်းအထန် ဗိုက်အောင့်ခြင်းနဲ့ လေထခြင်း၊ အထူးသဖြင့် ပျို့အန်ခြင်းကို ခံစားရပါက အမာရွတ်တစ်သျှူး (သို့) အကျိတ်တွေက အူကို ဖိတဲ့အတွက် အူပိတ်တဲ့လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်ရှိနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ရှားနိုင်ရန် ဆေးကုသမှုကို ချက်ချင်းခံယူဖို့ လိုပါတယ်။ အူပိတ်တဲ့အခါမှာ နာကျင်ခြင်းေ၀ဒနာကို ခံစားရတဲ့ အကြောင်းအရင်းကတော့ ပိတ်နေတဲ့နေရာ အပေါ်ပိုင်းက အစာတွေ၊ အစာခြေရည်တွေနဲ့ ပြည့်နှက်ပြီး ဖောင်းကားနေလို့ပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ နာကျင်ခြင်းဟာ တော်တော်ဆိုးဆိုးရွားရွားဖြစ်ပြီး ပိတ်နေတဲ့နေရာကို ကျော်လွန်၍ အစာတွေကို အူက တွန်းချတဲ့အခါတိုင်း နာလိုက်၊ ခဏနေ သက်သာသွားလိုက်နဲ့ နာကျင်မှုပုံစံဟာ လှိုင်းနဲ့ အလားသဏ္ဌာန် တူပါတယ်။
4. ၀မ်းထဲ၌ သွေးပါခြင်း၊ မိန်းမကိုယ်မှ သွေးဆင်းခြင်း စတာတွေဟာ ပြင်းထန်စွာ လေပွလေထခြင်းနဲ့ ဆက်စပ်နေတတ်ပါတယ်။ ကံကောင်းတာတစ်ခုက ဒီရောဂါလက္ခဏာတွေရဲ့ အဖြစ်များလေ့ရှိတဲ့ အကြောင်းအရင်းတွေ (လိပ်ခေါင်း၊ ရာသီသွေးမမှန်ခြင်း၊ သားအိမ်၌ အလုံးတည်ခြင်း၊ သားအိမ်နံရံ ထူလာခြင်း) က ဆိုးဆိုးရွားရွား မဟုတ်သော်ငြားလည်း သွေးဆင်းခြင်းဟာ ကင်ဆာရောဂါ (အထူးသဖြင့် အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ) နဲ့ ဆက်စပ်နေလေ့ရှိတဲ့အတွက် အကြောင်းအရင်းကို ဖော်ထုတ်ဖို့တော ့လိုပါတယ်။
Kremil-S 2
5. လေထခြင်းနဲ့အတူ အဖျားသွေးရှိရခြင်းမှာ ရောဂါပိုး၀င်ခြင်း (သို့) ရောင်ရမ်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ သွေးထဲမှာ သွေးဖြူဥပမာဏ မြင့်တက်နေပါက ရောဂါပိုး ရှိ/မရှိ အထူးသဖြင့် ဆီးခုံ၊ ဆီးလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းတို့ကို ချက်ချင်း ရှာဖွေဖို့ လိုအပ်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)














