/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပြေးခြင်း၏-အကျိုးကျေးဇူးများ

ပြေးခြင်း၏ အကျိုးကျေးဇူးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ပြေးခြင်းက အချိန်အတန်အသင့် ကြာတဲ့အထိ နှလုံးခုန်နှုန်းကို မြန်စေတဲ့ လေ့ကျင့်ခန်းဖြစ်ပြီးတော့ ကျန်းမာရေး အကျိုးကျေးဇူး အများကြီး ရရှိစေပါတယ်။ သုတေသနတွေက လေ့ကျင့်ခန်းတွေကြောင့် အောက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့ သက်သေပြထားပါတယ်။

•        နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း

•        အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း

•        သွေးပေါင်ချိန်ကို ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်ခြင်း

•        အရိုးများ သန်မာစေခြင်း

•        ကြွက်သားများကို သန်မာစေခြင်း

•        သက်လုံ ကောင်းစေခြင်း

•        စိတ်ခံစားမှု ကောင်းစေခြင်း

•        စိတ်ကျခြင်းလက္ခဏာများကို လျော့ကျစေခြင်း

•        ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ စသည့် ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်းနှင့် မှတ်ဉာဏ် ယုတ်လျော့ခြင်း၊ စိတ်ကစဥ့်ကလျား ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း

          ကဲ၊ မနက်ခင်းမှာ တစ်ပတ်လောက် ခပ်သွက်သွက် ပြေးလိုက်ကြရအောင် ...

Dr. Mya Myo Myo Swe (www.drmyanmar.com)