/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အယ်လ်ဇိုင်းမားရောဂါနှင့်-ဗီတာမင်ဘီဓာတ်ပေါင်းစု

အယ်လ်ဇိုင်းမားရောဂါနှင့် ဗီတာမင်ဘီဓာတ်ပေါင်းစု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အယ်ဇိုင်းမားရောဂါဆိုတာ အသက်ကြီးလာတဲ့အခါ ဦးနှောက်ဆဲလ်လေးတွေ သေဆုံးတာကြောင့် စဥ်းစားတွေးခေါ်နိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းရည် တဖြည်းဖြည်း ထိခိုက်ကျဆင်းလာတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အရှင်းပျောက်ကင်းစေတဲ့ ကုသနည်း မရှိသေးပေးမယ့် ရောဂါဖြစ်နေသူကို ကူညီဖေးမပေးနိုင်တဲ့ ဆေးဝါးနဲ့နည်းလမ်းတွေ ရှိနေတဲ့အပြင် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။

2023 Enervon-C IA 1

ဒါ့ကြောင့် အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။ ဒါတွေကတော့

♦   လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း

♦   ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို အမျိုးအစားစုံလင်စွာ စားသောက်ခြင်း

♦   နှလုံးနှင့်သွေးကြောရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ခြင်း

2023 Enervon-C IA 2

အစရှိတဲ့ နည်းလမ်းတွေနဲ့ ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဦးနှောက်နဲ့အာရုံကြော ကျန်းမာရေးကို အထောက်အပံ့ပေးနိုင်တဲ့ ဗီတာမင်ဘီဓာတ်ပေါင်းစု ဖြည့်စွက်အားဆေးတွေကိုလည်း မှီဝဲပေးသင့်ပါတယ်။

 

www.drmyanmar.com