ပြေးခြင်း၏ အကျိုးကျေးဇူးများ
ပြေးခြင်းက အချိန်အတန်အသင့် ကြာတဲ့အထိ နှလုံးခုန်နှုန်းကို မြန်စေတဲ့ လေ့ကျင့်ခန်းဖြစ်ပြီးတော့ ကျန်းမာရေး အကျိုးကျေးဇူး အများကြီး ရရှိစေပါတယ်။ သုတေသနတွေက လေ့ကျင့်ခန်းတွေကြောင့် အောက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့ သက်သေပြထားပါတယ်။
• နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း
• အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း
• သွေးပေါင်ချိန်ကို ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်ခြင်း
• အရိုးများ သန်မာစေခြင်း
• ကြွက်သားများကို သန်မာစေခြင်း
• သက်လုံ ကောင်းစေခြင်း
• စိတ်ခံစားမှု ကောင်းစေခြင်း
• စိတ်ကျခြင်းလက္ခဏာများကို လျော့ကျစေခြင်း
• ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ စသည့် ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်းနှင့် မှတ်ဉာဏ် ယုတ်လျော့ခြင်း၊ စိတ်ကစဥ့်ကလျား ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း
ကဲ၊ မနက်ခင်းမှာ တစ်ပတ်လောက် ခပ်သွက်သွက် ပြေးလိုက်ကြရအောင် ...
Dr. Mya Myo Myo Swe (www.drmyanmar.com)






























