ဗီတာမင် B ကြွယ်၀စွာပါ၀င်တဲ့အစားအစာ 15 မျိုး
အစာချေဖျက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှုနဲ့ ကာယဉာဏစွမ်းအားတွေတိုးမြှင့်ဖို့အတွက် ဗီတာမင် B ကြွယ်၀တဲ့အစားအစာတွေကို နေ့စဉ်စားသုံးဖို့လိုအပ်ပါတယ်။ ဗီတာမင် B ကြွယ်တဲ့ အစားအစာတွေကို သင်နေ့စဉ်စားသုံးနေကျအစားအစာတွေထဲမှာထည့်ပြီး စားသုံးပေးပါက သွေးဖိအားကို လျော့ချပေးနိုင်ခြင်း၊ စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ခြင်းနဲ့ အခြားသောကျန်းမာရေးဆိုင်ရာပြဿနာတွေမှ ကင်းေ၀းစေနိုင်တဲ့ အကျိုးကျေးဇူးများစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။
(1) သစ်ကြားသီး
သစ်ကြားသီးမှာအိုမီဂါ 3 ဖက်တီးအက်ဆစ်ပါ၀င်တဲ့အပြင် အင်တီအောက်ဆီးဒင့် မြင့်မားစွာ ပါ၀င်ပါတယ်။ ပြည့်၀ဆီပါ၀င်မှုနည်းပါးပြီး မယ်လတိုနင်ရဲ့သဘာ၀အရင်းအမြစ်ဖြစ်တဲ့ သစ်ကြားသီးမှာ ဗီတာမင် B5, B1 နဲ့ B6 တို့ မြင့်မားစွာပါရှိပါတယ်။ သစ်ကြားသီးကိုစားသုံးခြင်းဖြင့် စိတ်ခံစားချက် ပိုမိုကောင်းမွန်စေနိုင်ပြီးကာ ယဉာဏစွမ်းအားကိုတိုးမြင့်စေနိုင်တဲ့အပြင် မှတ်ဉာဏ်လည်း ပိုကောင်းလာစေမှာဖြစ်ပါတယ်။
(2) ငှက်ပျောသီး
ငှက်ပျောသီးဟာအရသာလည်းရှိ အာဟာရဓာတ်လည်းကြွယ်၀တဲ့ အသီးအနှံဖြစ်ပါတယ်။ ရေဓာတ် 74 ရာခိုင်နှုန်းပါ၀င်တဲ့ ငှက်ပျောသီးမှာဗီတာမင် B5, ဗီတာမင် B6 တို့ပါ၀င်တဲ့အပြင် ဗီတာမင် C မြင့်မားစွာပါ၀င်ပါတယ်။ သင်စိတ်ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ ငှက်ပျောသီးစားလိုက်ပါက စိတ်ဖိစီးမှုတွေကင်းေ၀းစေနိုင်တဲ့အပြင် ကာယဉာဏစွမ်းအားကိုလည်း တိုးမြင့်စေနိုင်မှာဖြစ်ပါတယ်။
(3) သီဟိုဠ်စေ့
ဗီတာမင် B3, B1 နှင့် B6 တို့ များပြားစွာပါ၀င်တဲ့ သီဟိုဠ်စေ့ကိုတစ်ရက်လျှင် 23 စေ့ခန့်စားပေးပါ က နှလုံးတိုက်ခိုက်မှု (heart-attack) ဆီးချိုသွေးချိုရောဂါ၊ အယ်ဇိုင်းမားရောဂါတွေ ဖြစ်နိုင်ချေ ကို လျှော့ချပေးနိုင်တဲ့ အပြင် ကိုယ်အလေးချိန်ကိုလည်းလျှော့ချပေးနိုင်ပါတယ်။
(4) ဗာဒံစေ့
ဗာဒံစေ့မှာဗီတာမင် B1, B2, B3, B5, B6, B9၊ ဗီတာမင် E၊ သံဓာတ်၊ အသားဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ မြင့်မားစွာပါ၀င်တာကြောင့် နှလုံးရောဂါ၊ သွေးအားနည်းရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေမှ ကာကွယ်ပေးပါတယ်။
(5) စိမ်းပြာရေညှိ
စိမ်းပြာရေညှိကို လက်ဖက်ရည်တစ်ဇွန်းစာ နေ့စဉ်စားသုံးပေးပါက ဗီတာမင် B12 ကို 150 ရာခိုင်နှုန်းရရှိစေနိုင်ပြီး ဗီတာမင် B6 ကို 50 ရာခိုင်နှုန်းရရှိစေနိုင်ပြီး စိတ်ဓာတ်ခွန်အားကိုတိုးပွားစေနိုင် ပါတယ်။
(6) ထောပတ်သီး
ထောပတ်သီးမှာဗီတာမင် E၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B3, B5 နဲ့ B6 တို့မြင့်မားစွာပါ၀င်ပြီး အိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်ပါရှိတဲ့အပြင် သတိချို့ယွင်းမှုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုလက်စထရော၊ သွေးဖိအားနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။
(7) အုတ်ဂျုံ
အမျှင်ဓာတ်ကြွယ်၀စွာပါ၀င်ပြီး သွေးတွင်းကောင်းသော ကိုလက်စထရောတွေကိုများစေတဲ့ အုတ်ဂျုံမှာဗီတာမင်များစွာပါရှိပါတယ်။ သင့်မနက်စာမှာအုတ်ဂျုံစားပေးပါက ခန္ဓာကိုယ်ကိုစွမ်းအင်တိုးစေနိုင် ပါတယ်။
(8) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာအထူးသဖြင့် ဗီတာမင် B6 ကြွယ်၀စွာပါရှိပြီး ဗီတာမင် C, ပိုတက်ဆီယမ်နဲ့ ဗီတာမင် B တို့ မြင့်မားစွာပါ၀င်ပါတယ်။ ခရမ်းချဉ်သီးကိုစားပေးခြင်းဖြင့် အသည်းကိုအဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးနိုင်တဲ့ glutathione ဓာတ်ကို ထုတ်ပေးနိုင်စွမ်းရှိတဲ့အပြင် အသားအရေကြည်လင်၀င်းပ လာစေမှာဖြစ်ပါတယ်။
(9) Chia Seed
ရောဂါပေါင်းမြောက်များစွာကို တိုက်ခိုက်ချေမှုန်းနိုင်တဲ့ superfood လို့လည်း ခေါ်ေဝါ်ကြပါတယ်။ China seeds မှာအခြားသီးနှံတွေထက် ဗီတာမင်မြင့်မားစွာပါရှိတဲ့အပြင် သံဓာတ်နဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ဓာတ်လည်း ပါ၀င်ပါတယ်။ တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်စားပေးပါက စွမ်းအင်တိုးစေပြီး စိတ်ခံစားချက်ကိုလည်းကောင်းမွန်စေနိုင်ပါတယ်။
(10) ကညွတ်
အမျှင်ဓာတ်၊ အသားဓာတ်ကြွယ်၀တဲ့ ကညွတ်မှာဗီတာမင် B6, ဗီတာမင် B5, ဗီတာမင် B9, ပိုတက်ဆီယမ်တို့ပြည့်၀စွာပါရှိတာကြောင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး၊ အဆစ်ရောင်နာ၊ ပန်းနာရင်ကြပ်ရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။
(11) သစ်သီးဖျော်ရည်
သစ်သီးဖျော်ရည်တွေမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်နဲ့ ရေဓာတ် လုံလောက်စွာပါရှိတာကြောင့် စွမ်းအားတွေကိုတိုးမြှင့်စေပြီး ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။
(12) ဒေါက်ခွရွက်
ဒေါက်ခွရွက်မှာဗီတာမင် B2, ဗီတာမင် B9 (ဖောလစ်အက်ဆစ်)၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကြွယ်၀စွာပါ၀င်ပါတယ်။ ဒေါက်ခွရွက်ကိုစားပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေပြီး စိတ်ကိုတက်ကြွလန်းဆန်းစေကာ ကိုယ်အလေးချိန်လည်းလျော့ကျစေပါတယ်။
(13) ကန်စွန်းဥ
ခန္ဓာကိုယ်စွမ်းအင်ကိုတိုးမြှင့်ပေးနိုင်တဲ့ ဗီတာမင် B ကြွယ်၀စွာပါတဲ့ ကန်စွန်းဥဟာ အရသာ ရှိရုံသာမက အာဟာရဓာတ်တွေပြည့်နှက်နေတဲ့ အစားအစာဖြစ်ပြီး နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။
(14) ကုလားပဲ
အသားဓာတ်ကြွယ်၀တဲ့ ကုလားပဲမှာဗီတာမင်အမြောက်အမြားပါရှိပြီး ဟင်းချက်စားရာမှာပဲဖြစ်စေ၊ အသုပ်သုတ်ရာမှာပဲဖြစ်စေ စားပေးပါက ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။
(15) မြေပဲ
ဗီတာမင် B9, B5, B2, B1 ကြွယ်၀စွာပါ၀င်တဲ့ မြေပဲကိုစားသုံးပေးပါက နှလုံးကျန်းမာရေး ကိုကောင်းမွန်စေပြီး သက်သတ်လွတ်စားသုံးသူတွေအတွက်လည်း သင့်လျော်တဲ့အစားအစာဖြစ်ပါတယ်။
CMS




























