/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘယ်လိုအိပ်မလဲ

ဘယ်လိုအိပ်မလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ပက်လက်အနေအထားအိပ်စက်ခြင်း

        လူကြိုက်အများဆုံးအနေအထားမဟုတ်ပေမယ့် 8% သောလူတွေက ပက်လက်အနေအထားမှာ အိပ်စက်လေ့ရှိပါတယ်။ ပက်လက်အနေအထားဖြင့် အိပ်စက်ခြင်းက ဦးခေါင်း၊ လည်ပင်းနှင့် ကျောရိုးကို ဟန်ချက်ညီမျှတဲ့ အနေအထားမှာရှိစေပြီး ဖိအားသက်ရောက်မှုမရှိစေတာကြောင့် နာကျင်မှုနည်းစေတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါ့အပြင် စားချဥ့်ပြန်တတ်သူတွေအနေဖြင့်လည်း ခေါင်းအုံးကိုအသုံးပြု၍ ဦးခေါင်းကိုမြင့်ထားပေးခြင်းဖြင့် စားချဥ့်ပြန်ဝေဒနာကိုသက်သာစေပါတယ်။ အိပ်နေစဉ် အသက်ရှုရပ်တဲ့ဝေဒနာကို ခံစားနေရသူတွေကတော့ ပက်လက်အိပ်ဖို့ မသင့်ပါဘူး။ အိပ်နေစဉ်အတောအတွင်း လျှာကအသက်ရှုလမ်းကြောင်းကို ပိတ်ဆို့နိုင်တာကြောင့်ဖြစ်ပါတယ်။

2. ဘေးတစောင်းအိပ်ခြင်း

        ဘေးတစောင်းအိပ်ခြင်းက စားချဥ့်ပြန်ခြင်းကိုသက်သာစေပြီး ကျောရိုးကိုဆန့်ထွက်စေတာကြောင့် ဇက်နာခြင်းနှင့် ခါးနာခြင်းတို့ကို သက်သာစေပါတယ်။ ဒါ့အပြင် အသက်ရှုလမ်းကြောင်းကို ပွင့်စေတာကြောင့် ဟောက်တတ်တဲ့သူတွေအတွက် အဆင်ပြေဆုံးအနေအထားဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းအုံးနှင့်မျက်နှာပွတ်တိုက်မိခြင်းကြောင့် အရေးအကြောင်းတွေကို  ဖြစ်ပေါ်စေပါတယ်။

3. ကွေးကွေးလေးအိပ်ခြင်း

        အရွယ်ရောက်ပြီးသူတွေရဲ့ 41 ရာခိုင်နှုန်းဟာ သနေ္ဓသားလိုကွေးကွေးလေးအိပ်စက်လေ့ရှိပြီး ဒါဟာလူကြိုက်အများဆုံး အိပ်စက်မှုပုံစံဖြစ်ပါတယ်။ ဟောက်တတ်တဲ့သူတွေအတွက်လည်း သင့်လျော်တယ်ဆိုပေမယ့် အဆစ်အမြစ်ရောင်ရောဂါရှိသူတွေအနေဖြင့် မနက်ခင်းမှာ နာကျင်မှုဝေဒနာကို အနည်းငယ် ခံစားရနိုင်ပါတယ်။ နာကျင်မှုကိုမခံစားရအောင် မေးစေ့ကိုရင်ဘတ်ဆီသို့ ကွေးမည့်အစား ဒူးကိုအပေါ်သို့ ဆွဲကွေးပြီး အိပ်စက်ပါ။ ဒူးနှစ်လုံးကြားမှာ ခေါင်းအုံးခံထားပါ။

4. ဝမ်းလျားမှောက် အိပ်စက်ခြင်း

        ဟောက်ခြင်းကိုသက်သာစေပေမယ့် ခါးနာခြင်းနှင့် ဇက်နာခြင်းကိုဖြစ်စေတာကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကြွက်သားနှင့်အဆစ်အမြစ်များပေါ်တွင် ဖိအားသက်ရောက်မှုရှိတာကြောင့် ထုံကျဉ်၊ ကိုက်ခဲခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ မဖြစ်မနေအိပ်မယ်ဆိုပါက ခေါင်းကိုဘေးတခြမ်းစောင်းပြီး အိပ်မယ့်အစား နှဖူးကိုခေါင်းအုံးပေါ်မှာ ထောက်ကန် ထားပြီး မျက်နှာအပ်လျက်အိပ်ပါ။

Dr.Htet Htet Aung

www.drmyanmar.com